အလက်စကာပြည်နယ်တွင် ပျံသန်းနေသော အမည်မသိ ကားအရွယ်အစားရှိ အရာဝတ္ထုတစ်ခုကို အမေရိက ပစ်ချ

0
338

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၁

အမေရိကန် F-22 တိုက်လေယာဉ်တစ်စင်းသည် ဖေဖော်ဝါရီလ ၁၀ ရက် သောကြာနေ့တွင် အလက်စကာပြည်နယ်၌ ပျံသန်းနေသော အမည်မသိအရာဝတ္ထုတစ်ခုကို ပစ်ချခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါ ကားအသေးစား အရွယ်အစားခန့်ရှိသော အရာဝတ္တုကို ဆိုက်(ဒ်)ဝင်ဒါ တာတိုပစ်ဒုံးကျည်ဖြင့် ပစ်ချခဲ့သည်ဟု ပင်တဂွန်၏ ပြောရေးဆိုခွင့်ရှိသူ အမေရိကန် ဗိုလ်မှူးချုပ် ပတ်ထရစ် ရိုင်ဒါက ဆိုသည်။

အဆိုပါ အရာဝတ္ထု၏ ပိုင်ရှင်နှင့် မည်သည့်နေရာမှ စတင်ပျံသန်းခဲ့သည်ကိုမူ မသိရသေးကြောင်း အိမ်ဖြူတော်၏ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ခါဘီက ပြောသည်။ သမ္မတ ဂျိုးဘိုင်ဒင်က ထိုအရာဝတ္ထုအား ပစ်ချရန် အမိန့်ပေးခဲ့ကြောင်း အိမ်ဖြူတော်က ကြေညာခဲ့သည်။

ထိုအရာဝတ္တုအား မြေပြင်ရေဒါများကို အသုံးပြု၍ ကြာသပတေးနေ့တွင် ပထမဆုံး တွေ့ရှိခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောကြားထားသည်။

ပင်တဂွန်နှင့် အိမ်ဖြူတော်တို့ကပါ ထိုအရာဝတ္ထု၏ ပုံသဏ္ဍာန်နှင့် စပ်လျဉ်း၍ အသေးစိတ် ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုခဲ့ပြီး ၎င်းသည် တရုတ်မိုးပျံပူပေါင်းထက် အဆပေါင်းများစွာ သေးငယ်သည်ဟုသာ ပြောဆိုခဲ့သည်။

စူးစမ်းလေ့လာပြီးနောက် တစ်ရက်အကြာတွင်ပင် အဆိုပါအရာဝတ္ထုအား မည်သည့်အရာဖြစ်ကြောင်း ခန့်မှန်းပြောဆိုရန် ငြင်းဆိုနေသောကြောင့် ယခုကဲ့သို့ အတွေ့အကြုံရှိ အမေရိကန် လေယာဉ်မှူးများနှင့် ထောက်လှမ်းရေး အရာရှိများကပါ ဖော်ထုတ်ရန် အခက်တွေ့နေသော အရာမှာ မည်သို့သော အရာဝတ္ထုအမျိုးအစား ဖြစ်သည်ဆိုတာကို မေးခွန်းထုတ်စရာဖြစ်လာသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here