အမေရိက ရေနံကော်ပိုရေရှင်း ချက်ဗရွန် မြန်မာနိုင်ငံရှိ ပိုင်ဆိုင်မှုများက်ို ရောင်းချကာ နိုင်ငံမှ ထွက်ခွာတော့မည်

0
279

ဟျူစတန်၊ ဖေဖော်ဝါရီ ၁၁

အမေရိက ရေနံလုပ်ငန်းကြီး ချက်ဗရွန် ကော်ပိုရေးရှင်းသည် မြန်မာနိုင်ငံရှိ ၎င်း၏ပိုင်ဆိုင်မှုများကို ကနေဒါကုမ္ပဏီ MTI ကို ဖေဖော်ဝါရီ ၁၀ ရက် သောကြာနေ့တွင် ရောင်းချရန် သဘောတူညီခဲ့ပြီး မြန်မာနိုင်ငံမှ ထွက်ခွာသွားတော့မည် ဖြစ်သည်။

အဆိုပါ သဘောတူညီချက်မှာ ချက်ဗရွန်နှင့် အခြားသော ရေနံကုမ္ပဏီများက၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းအပြီး မြန်မာနိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ပြီးနောက် တစ်နှစ်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

ငွေပမာဏဖော်ပြခြင်းမရှိဘဲ ရတနာစီမံကိန်းရှိ ၎င်း၏ အစုရှယ်ယာ ၄၁ ဒသမ ၁ ရာခိုင်နှုန်းကို MTI ၏ လုပ်ငန်းခွဲတစ်ခုထံသို့ ရောင်းချရန် သဘောတူညီခဲ့ကြောင်း ချက်ဗရွန်ကုမ္ပဏီက သောကြာနေ့တွင် ပြောကြားခဲ့သည်။

ရတနာစီမံကိန်းမှာ သဘာဝဓာတ်ငွေ့ကို မြန်မာနိုင်ငံအတွင်း အသုံးပြုရန်နှင့် ထိုင်းနိုင်ငံသို့ တင်ပို့ရန်အတွက် ကပ္ပလီပင်လယ်ပြင်တွင် ထုတ်လုပ်နေသည့် စီမံကိန်းဖြစ်သည်။

ရတနာ၏ ရှယ်ယာအများစုကို ပိုင်ဆိုင်ထားသော ပြင်သစ် ရေနံကုမ္ပဏီကြီး Total Energies သည်လည်း ပြီးခဲ့သည့် ဇူလိုင်လတွင် ၎င်း၏ပိုင်ဆိုင်မှုအားလုံးက်ို ရောင်းချကာ မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့သည်။

source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here