ချမ်းမြသာစည်မြို့နယ်ရှိ ကုန်စုံဆိုင်တစ်ဆိုင်တွင် မီးလောင်မှုဖြစ်ပွား

0
99

မန္တလေးတိုင်း၊ချမ်းမြသာစည်မြို့နယ်၊ထွန်တုံးရပ်ကွက်တွင် ဖေဖော်ဝါရီ ၁၁ ရက်(ယနေ့)မွန်းတည့်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့မွန်းတည့် ၁၂ နာရီ ၂၄ မိနစ်ခန့်က ချမ်းမြသာစည်မြို့နယ်၊ထွန်တုံးရပ်ကွက်၊ ၅၃ လမ်းနှင့် ၅၄ လမ်းကြား၊မနော်ဟယ်ရီလမ်းရှိ ကုန်စုံဆိုင်တစ်ဆိုင်၌ မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်မှုအား မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့်ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြ၍ မွန်းတည့် ၁၂ နာရီ ၄၀ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး မွန်းတည့် ၁၂ နာရီ ၅၀ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

“Level 1 အဆင့်ဖြစ်သွားတယ် မီးငြိမ်းအောင်အကုန်လုံးကြိုးစားပြီးငြှိမ်းခဲ့ရတယ် မီးသတ်တစ်ယောက်လည်း ဒဏ်ရာနည်းနည်းရသွားတယ် စိုးရိမ်စရာတော့မရှိပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here