မန္တလာသီရိအားကစားကွင်းအရှေ့ဖက်ဝင်ပေါက်တွင် လက်ပစ်ဗုံးပေါက်ကွဲ လုံခြုံရေးအဖွဲ့ဝင် ၁ ဦးအပါအဝင် ၃ ဦးဒဏ်ရာရ

0
300

မန္တလေးတိုင်း၊ချမ်းမြသာစည်မြို့နယ်၊မြို့သစ်(၁) ရပ်ကွက်ရှိ မန္တလာသီရိအားကစားကွင်းအရှေ့ဖက်ဝင်ပေါက်တွင် ဖေဖော်ဝါရီ ၁၀ ရက်နေ့လည်ပိုင်းက လက်ပစ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ယမန်နေ့ နေ့လည် ၁ နာရီခန့်က ဆိုင်ကယ်မောင်းလာသည့် အမည်မသိအမျိုးသား ၂ ဦးက ချမ်းမြသာစည်မြို့နယ်၊မြို့သစ်(၁)ရပ်ကွက်၊ ၁၀၅ လမ်း နှင့် ၁၀၆ လမ်းကြား ၆၈ လမ်းပေါ်ရှိ မန္တလာသီရိအားကစားကွင်း၏အရှေ့ဘက်အဝင်ပေါက်အား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်၍မောင်းနှင်ထွက်ပြေးသွားခဲ့ကြသည်။

လက်ပစ်ဗုံးသည် အားကစားကွင်း၏ အဝင်ပေါက်ရှိ လုံခြုံရေးအဖွဲ့ဝင်များရှိနေသည့်နေရာအနီး၌ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး၊အား/ကာသိပ္ပံမှဝန်ထမ်းတစ်ဦးနှင့်အရပ်သားတစ်ဦးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ဒဏ်ရာရတဲ့ ၃ ယောက်လုံးက စိုးရိမ်စရာမရှိပါဘူး ဆေးရုံမှာဆေးကုသပေးနေပါတယ် လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့နေရာကိုလာပစ်သွားတာပါ လက်ပစ်ဗုံးနဲ့လာပစ်သွားတဲ့လူ ၂ ယောက်ကိုဖမ်းမိဖို့လုပ်နေပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here