ကာဘွန်ဒိုင်အောက်ဆိုက် နှင့် ကာဘွန်မိုနောက်ဆိုက်ကိုပေါင်း၍ လောင်စာရည်ထုတ်နိုင်ဟု သုတေသီတို့ဆို

0
469

တရုတ်သိပ္ပံပညာရှင်များသည် ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် ကာဗွန်မိုနောက်ဆိုဒ်များကို လျှပ်စစ်ဓာတ်ဖြင့်ပေါင်းစည်း၍ ဓာတုပစ္စည်းများနှင့်လောင်စာရည်အဖြစ်သို့ ပြောင်းလဲပေးသည့် ဓာတ်ပြုမှုဖြစ်စဉ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း တရုတ်သိပ္ပံအကယ်ဒမီ၏ ဒါလီယံ ဓာတု ရူပ အင်စတီကျု(Dalian Institute of Chemical Physics of the Chinese Academy of Sciences) မှ သုတေသနစာတန်းတစ်စောင်တွင် ရေးသားဖေါ်ပြခဲ့သည်။

“ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် ကာဗွန်မိုနောက်ဆိုဒ်ကို လျှပ်စစ်ဓာတ်ပြုခြင်းသည် သံမဏိစက်ရုံများမှ ထွက်ရှိသော စွန့်ပစ်ဓာတ်ငွေ့များနှင့် ရုပ်ကြွင်းလောင်စာများ၏ မပြည့်စုံသော စက်မှုလောင်ကျွမ်းမှုတို့မှ စွန့်ပစ်ဓာတ်ငွေ့များကို ပြန်လည်အသုံးချခြင်းဖြစ်သည်။ ၎င်းအား ကာဗွန်လျှော့ချမှုအတွက် ထိရောက်သောနည်းလမ်းတစ်ခုအဖြစ် သုတေသနပြုလျက်ရှိသည်” ဟု တရုတ်နိုင်ငံ Liaoning ပြည်နယ် Dalian မြို့ရှိ ဒါလီယံ ဓာတု ရူပ အင်စတီကျုမှ ပါမောက္ခတစ်ဦးဖြစ်သည့် ဦးဆောင်သုတေသီ Wang Guoxiong မှ ပြောကြားခဲ့သည်။ ။

“လျှပ်စစ်ဓာတ်ပြုခြင်းသည် အလိုအလျောက်မဟုတ်သော ဓာတုတုံ့ပြန်မှုကို ဖြစ်ပေါ်စေရန် DC လျှပ်စစ်ဓာတ်ကို အသုံးပြုသည့် နည်းပညာတစ်ခုဖြစ်ပြီး၊ ကာဗွန်ဒိုင်အောက်ဆိုက်နှင့် ကာဗွန်မိုနောက်ဆိုဒ်တို့ကို ရေမှဟိုက်ဒရိုဂျင်ဖြင့် အစားထိုးကာ ၎င်းတို့ကို အီသလင်း၊ အက်စီတစ်အက်ဆစ် နှင့် အီသနောတို့ကဲ့သို့ ထုတ်ကုန်အဖြစ်သို့ ပြောင်းလဲနိုင်စေပါသည်”ဟုလည်း သူကပြောသည်။

ဒါလီယံ ဓာတု ရူပ အင်စတီကျုမှ ပါမောက္ခ Bao Xinhe၊ Wang Guoxiong နှင့် Gao Dunfeng တို့ ဦးဆောင်သော အဆိုပါလေ့လာမှုကို လန်ဒန်အခြေစိုက် Nature Publishing Group မှ လစဉ်ထုတ်ဝေသည့် Nature Nanotechnology မဂ္ဂဇင်းတွင် ဇန်နဝါရီ ၁၂ ရက်က ဖော်ပြခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here