ရုရှား-မြန်မာသံတမန်ဆက်ဆံရေးတည်ထောင်သည့် ၇၅ နှစ်ပြည့် အထိမ်းအမှတ်ကွန်ဖရင့်သို့မြန်မာသံအမတ်ကြီးတက်ရောက်

0
355

ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးလွင်ဦးသည် ရုရှား-မြန်မာ သံတမန်ဆက်ဆံရေးတည် ထောင်မှု ၇၅ နှစ်ပြည့် အထိမ်းအမှတ်ကွန်ဖရင့်သို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။ 

ကွန်ဖရင့်အား ဖေဖော်ဝါရီ ၉ ရက်က Saint- Petersburg State Marine Technical University (SPbGMTU)၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

စိန့်ပီတာဘာဂ် အစိုးရအဖွဲ့ ပြည်ပဆက်ဆံရေးကော်မတီ ဒု-ဥက္ကဌ Mr. Vyacheslav G. Kalganov ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအ မတ်ကြီး H.E. Mr. Nikolai Listopadov ၊ Saint-Petersburg State Marine Technical University ၏ပါမောက္ခချုပ် Mr. Gleb A.Turichin တို့လည်း အမှာစကားများပြောကြားခဲ့ကြသည်။

ထို့ပြင် မြန်မာ-ရုရှားချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဦးအောင်သော်၊ရုရှား-မြန်မာချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒု-ဥက္ကဌ Mr. Alexander V. Ostrovsky ၊ UMFCCI အထွေထွေအတွင်းရေး မှူးဒေါ်ခိုင်ခိုင်နွယ် ၊ Saint-Petersburg ကုန်သည် ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ၏ ဒု-ဥက္ကဋ္ဌ Ms. Ekaterina N. Levedeva ၊မြန်မာ နိုင်ငံ မဟာဗျူဟာနှင့်နိုင်ငံတကာရေးရာလေ့လာ​ရေးအဖွဲ့၏ အကြီးတန်းအကြံပေး၊မြန်မာနိုင်ငံ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့၏ တည် ထောင်သူနှင့်အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦး၊ Saint-Petersburg State Marine Technical University (SPbGMTU) ၏ ဒု-ပါမော က္ခချုပ် Mr. Kirill V. Rozhdestvensky ၊ Saint- Petersburg State Marine Technical University (SPbGMTU)၏ဂုဏ်ထူးဆောင် ပါမောက္ခ ဦးသူရိန်ကျော်လွင်တို့မှလည်း online ၊ offline format တို့ဖြင့်တက်ရောက်ဆွေးနွေးခဲ့ကြသည်။ 

ထို့အတူ မြန်မာကျောင်းသားများ၊ဧည့်သည်တော်များ၊စိန့်ပီတာဘာ့ဂ် အစိုးရအဖွဲ့တာဝန်ရှိသူ များ၊မြန်မာသံရုံးမှ တာဝန်ရှိသူများ၊ Saint- Petersburg State Marine Technical University  (SPbGMTU)နှင့် Saint-Petersburg  State University(SPbGU)တို့မှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများလည်း တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here