မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အပိုင်း(၄)အား ရတနာပလ္လင်တော်ထက်သို့ ယနေ့ ပင့်ဆောင်ပူဇော်

0
916

နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်းတည်ထားကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွား တော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၄)အား ဖေဖော်ဝါရီ ၁၁ ရက်နံနက်ပိုင်းက ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ပူဇော်ခဲ့သည်။

နိုင်ငံတော်ဩဝါဒါစရိယတပ်ကုန်းမြို့၊မဟာသီဟနာဒကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ အာစိဏ္ဏ၊လယ်ဝေးမြို့၊အင်းသာအရှေ့ကျောင်းတိုက်ဆရာတော် အဘိဓဇ မဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တပဏ္ဍိတ၊တိုင်းဩဝါဒါစရိယ၊ ပုဗ္ဗသီရိမြို့နယ်၊ ဝဲကြီးစာသင်တိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာဒိစ္စဝံသနှင့်မာရဝိဇယရုပ်ပွားတော် မြတ်ကြီးတည်ဆောက်ရေး ဩဝါဒါ စရိယဆရာတော် ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယက အဂ္ဂ မဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိ ကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ အမှူးပြုသည့် ဆရာတော်၊သံဃာ တော်များကြွရောက်တော်မူခဲ့ကြသည်။

နစက ဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်တာဝန်ရှိသူများလည်း တက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။

ထို့နောက် ဆရာတော်ကြီးများနှင့် နစက ဥက္ကဋ္ဌတို့မှ ဆင်းတုတော်အပိုင်း(၄)အား ထည့်သွင်းထားသည့် သံမဏိရတနာပန်းတောင်းတော်နှင့်သံမဏိမျှော်စင်ကရိန်းနေရာ ၃ ခုတို့ဖြင့် ရတနာပလ္လင်တော်ထက်သို့ စက်ခလုတ်နှိပ် ၍ ပင့်ဆောင်ပူဇော်ခဲ့သည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ပူဇော်ရာ တွင် ရတနာပလ္လင်တော်သည် အမြင့် ၁၈ ပေ၊အ လျား ၇၂ ပေ၊ အနံ ၅၄ ပေရှိကာ ယနေ့ ပင့်ဆောင်သည့် ဆင်းတုတော်အပိုင်း(၄)၏ စုစုပေါင်း အလေးချိန် တန် ၅၀၀ ရှိကြောင်း သိရသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ တန်ချိန် ၁၇၀၀ ရှိ ဆင်းတုတော်အပိုင်း(၁/၂/၃)တို့ကိုတွဲဆက်ထားသည့် ဆင်းတုတော်အစိတ်အပိုင်းကြီးများအား ဇန်နဝါရီ ၂၆ ရက်က ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ခဲ့ပြီး ဇန်နဝါရီ ၃၁ ရက်တွင် ပလ္လင်တော်ထက်သို့ အောင်မြင်စွာပင့်ဆောင်ပူဇော်နိုင်ခဲ့ပြီးဖြစ်သည်။

ထို့ပြင် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင်လည်း အဖိုးတန်ကျောက်မျက်ရတနာများအား ဇန်နဝါရီ ၂၇ ရက်နှင့်ဖေဖော်ဝါရီ ၁၀ ရက်တို့ ဌာပနာတော်များသွင်းလှူပူဇော်ခဲ့ပြီးဖြစ်သည်။

မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ကျောက်စာရုံစေတီတော်များ၊ရေပန်းရင်ပြင်တော်များ၊ဘုရားကြီးရင်ပြင်တော်၊သုဓမ္မာဇရပ်များနှင့်ပင်မအဝင်လမ်းတို့တွင်လည်း မီးများထွန်းညှိ၍ အလင်းပူဇော်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here