တရုတ်မှ မြန်မာနိုင်ငံသို့ ယွမ် ၄ သိန်းကျော်တန်ဖိုးရှိ ကိုဗစ်(၁၉)ရောဂါကာကွယ်ရေးအထောက်အကူပြုပ စ္စည်းများလှူဒါန်း

0
816

တရုတ်နိုင်ငံ၊ Yunnan Bright Prospect Industrial ကုမ္ပဏီလီမိတက်မှ မြန်မာနိုင်ငံသို့ ကိုဗစ်(၁၉)ရောဂါထိန်းချုပ်ကုသရေးအထောက်အ ကူပြုပစ္စည်းများကိုလှူဒါန်းခဲ့၍ ဖေဖော်ဝါရီ ၁၁ ရက်က ယူနန်ပြည်နယ်၊ကူမင်းမြို့ရှိ မြန်မာကောင် စစ်ဝန်ချုပ်ရုံး၌ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။

Yunnan Bright Prospect Industrial ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ မစ္စတာသွမ့်မှလှူဒါန်းရခြင်းအ ကြောင်းကို ရှင်းလင်းပြောကြားပြီးနောက် ကောင် စစ်ဝန်ချုပ်ဦးသော်တာအောင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

မြန်မာ-တရုတ် နှစ်နိုင်ငံဆွေမျိုးပေါက်ဖော် ချစ် ကြည်ရေးကိုပိုမိုနက်ရှိုင်းစေရန် ရည်ရွယ်၍ မြန် မာကောင်စစ်ဝန်ချုပ်ရုံး၊ကူမင်းမြို့၏ မေတ္တာရပ် ခံချက်ဖြင့် Yunnan Bright Prospect Industrial  ကုမ္ပဏီလီမိတက်မှ ယွမ်  ၄၁၀၀၀၀ ကျော်တန်ဖိုးရှိ နှာခေါင်းစည်း ၃၀၀၀၀၀ ခုနှင့် Test Kit  ၃၀၀၀၀ တို့အားလှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here