ပြည်ထောင်စုနေ့သည် ပင်လုံစာချုပ်၏ အနှစ်သာ ရများကိုအခြေခံကာ နိုင်ငံရေးပြဿနာကို နိုင်ငံ ရေးနည်းဖြင့်ဖြေရှင်းသည့်နည်းလမ်းအား ဝိုင်း ဝန်းအဖြေရှာရန်အရေးတကြီးလိုအပ်နေပြီဖြစ် ကြောင်းမီးမောင်းထိုးပြသည့်နေ့ဖြစ်

0
228

ဖေဖော်ဝါရီ ၁၂ ရက်(ယနေ့)တွင် ကျရောက်သည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာ ချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ ဦးဆောင်မှုကော်မတီ(PPST-LC)မှပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ၌ ရေးသားထားခြင်းဖြစ်သည်။

ပင်လုံစာချုပ်ကို အကြောင်းပြု၍ ၁၉၄၈ ခုနှစ်၊ဇန် နဝါရီ ၄ ရက်တွင် လွတ်လပ်ရေးရခဲ့သော်လည်း ခေတ်အဆက်ဆက်အုပ်ချုပ်ခဲ့သည့် အစိုးရများမှ သီးခြားအမျိုးသားပြည်ထောင်များကို လာရောက်စုစည်းစေသည့် ပြည်ထောင်စုတည် ဆောက်မှု(Nation Building)ကို လုပ်ဆောင်ခြင်း မရှိခဲ့ဟု သဝဏ်လွှာ၌ ရေးသားထားသည်။

ထို့ပြင် Nation Building အတွက် အခြေခံအုတ် မြစ်ဖြစ်သည့် ပင်လုံစာချုပ်သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းမရှိ၍ နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီး နိုင်ငံရေးမတည်ငြိမ်မှုများ၊စီးပွား ရေးကျဆင်းမှုများအပါအဝင် အခြား လူမှုစီးပွားအခက်အခဲများကို ပြည်ထောင်စုသားများအား လုံး ယနေ့တိုင်ကြုံတွေ့ခံစားနေကြရသည်ဟုလည်း ရေးသားထားသည်။

ဒီမိုကရေစီအသွင်ကူးပြောင်းဆဲကာလ တနည်းအားဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းသည့် နိုင်ငံရေးယဉ်ကျေးမှုပျိုးထောင်ဆဲကာလတွင် ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်ဖြစ်ပွားခဲ့သည့် နိုင်ငံရေးအခြေအနေများကြောင့် အရှိန်ရစပြုနေသည့် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်နှင့်နိုင်ငံရေးဆွေးနွေးပွဲများရပ်ဆိုင်းသွားခဲ့ရသည်ဟုလည်း သဝဏ်လွှာ၌ရေးသားထား သည်။

ယင်း ဖြစ်စဥ်၏အကျိုးဆက်အဖြစ် နိုင်ငံတကာမှ အရေးယူပိတ်ဆို့ဒဏ်ခတ်မှုများအပါအဝင် အ ထွေထွေအကြပ်အတည်းများဖြစ်ပွားခဲ့ပြီး ပိုမိုကျယ်ပြန့်သည့် ပြည်တွင်းစစ်ပုံသဏ္ဍာန်အသစ်ဆီသို့ဦးတည်နေကာ တိုင်းပြည်သည် အချိန်ရှည် ကြာနိုင်သော နိုင်ငံရေးအကြပ်အတည်းဝဲဩဃအတွင်းသို့ သက်ဆင်းလျက်ရှိနေသည်ဟုလည်း ဂုဏ်ပြုသဝဏ်လွှာ၌ရေးသားထားသည်။

ထို့ကြောင့် ယနေ့ ပြည်ထောင်စုနေ့သည် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးနှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးတည်ဆောက်နိုင်ရန် သက်ဆိုင်သူ(Stakeholders)များအနေဖြင့် ပင်လုံစာချုပ်၏ အနှစ်သာရများကို အခြေခံကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းသည့်နည်းလမ်းဖြင့် ဝိုင်းဝန်းအဖြေရှာရန် အရေး တကြီးလိုအပ်နေပြီဖြစ်ကြောင်းအား  မီးမောင်းထိုးပြသည့်နေ့ဖြစ်သည်ဟု ရေးသားထားသည်။

PPST အနေဖြင့် NCA ၏ အနှစ်သာရ(၃)ချက်ဖြစ်သည့် “နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး၊သက်ဆိုင်သူများအားလုံးပါဝင်သည့် အဓိပ္ပာယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်မြောက်ရေး၊အရပ်သားများကို အကာအ ကွယ်ပေးရေး”တို့ကို မယိမ်းမယိုင်ဆက်လက်ကိုင်ဆွဲပြီး လက်ရှိတိုင်းပြည်အကြပ်အတည်းကို ဖြေရှင်းနိုင်ရန် မဆုတ်မနစ်အားထုတ်ကြိုးပမ်းသွားမည်ဟု သံန္နိဌာန်ပြုသည်ဟုလည်း ဂုဏ်ပြုသဝဏ်လွှာ၌ရေးသားထားသည်။

သီးခြားပြည်ထောင်များဖြစ်သည့် ချင်းပြည်၊က ချင်ပြည်၊ရှမ်းပြည်နှင့်ဗမာပြည်မတို့မှ အမျိုးသားခေါင်းဆောင်ကြီးများက စုစည်းညီညွတ်သည့် အ နာဂတ်ပြည်ထောင်စုကြီးကို တည်ဆောက်ရန်မျှော်တွေး၍ အမျှော်အမြင်ကြီးမားစွာစုစည်းခဲ့သည့်နေ့ဖြစ်၍ ပြည်ထောင်များစုစည်းသည့်နေ့ (သို့)ပြည်ထောင်စုနေ့ဟု ခေါ်တွင်ခဲ့ခြင်းဖြစ်သည်ဟုလည်း ရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here