သီရိလင်္ကာ၌သောင်တင်နေသော ဝေလငါး ၁၁ ကောင်အားကယ်တင်နိုင်ခဲ့

0
205

ကူဒါဝါ၊ဖေဖော်ဝါရီ ၁၁

သီရိလင်္ကာနိုင်ငံအနောက်ဘက်ကမ်းရိုးတန်း၌ သောင်တင်နေသည့်ဝေလငါး ၁၁ ကောင်ကို စနေနေ့ကကယ်တင်နိုင်ခဲ့ကြောင်း တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးအရာရှိကပြောကြားခဲ့သည်။

၎င်းတို့အားကယ်ဆယ်ရာ၌ ဒေသခံတံငါသည်များနှင့် ရေတပ်က ကူညီပေးခဲ့ကြောင်းသိရသည်။အဆိုပါဝေလငါးအုပ်စု၌ စုစုပေါင်း ၁၄ ကောင်ပါဝင်ပြီး ကျန်သုံးကောင်မှာသေဆုံးသွားကြောင်းလည်းဖော်ပြထားသည်။

ရေတပ်တာဝန်ရှိသူများနှင့် ဒေသခံတံငါသည်များသည် အဆိုပါဝေလငါးများကို လှေဖြင့်ထိန်းခေါ်သွားကာ ရေနက်ပိုင်းသို့ပို့ဆောင်ပေးခဲ့သည်ဟုလည်းဆိုသည်။မည်သည့်အကြောင်းကြောင့် ယခုကဲ့သို့ အုပ်စုလိုက်လမ်းမှားလာသည်ကိုမူ မသိရသေးဘဲ အကြောင်းရင်းရှာဖွေနေဆဲဖြစ်သည်ဟုဆိုသည်။

၂၀၂၀ ပြည့်နှစ်ကလည်း သီရိလင်္ကာကယ်ဆယ်ရေးသမားများသည် နိုင်ငံ၏ရေတပ်နှင့်ပူးပေါင်း၍ ဝေလငါးအကောင်ရေ ၁၂၀ ကို ယခုကဲ့သို့ပင် ကယ်ဆယ်ပေးခဲ့ဖူးသေးကြောင်းသိရသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here