မလေးရှား-ထိုင်းနယ်စပ်ရှိ နေရာ ၂ ခုတွင် မြန်မာနိုင်ငံသား ၁၉ ဦးဖမ်းဆီးခံရ

0
134

မလေးရှား-ထိုင်းနယ်စပ်ရှိ နေရာ ၂ ခုတွင် မလေးရှားနိုင်ငံသို့ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၉ ဦး ဖေဖော်ဝါရီ ၁၁ ရက်နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယမန်နေ့နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က မလေးရှားနိုင်ငံမှတာဝန်ရှိသူများသည် မလေးရှား-ထိုင်းနယ်စပ်အနီးရှိ ရော်ဘာခြံအတွင်းဝင်ရောက်နေသည့် မြန်မာနိုင်ငံသား ၇ ဦးအား စတင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ဆက်လက်စစ်ဆေးမှုများပြုလုပ်ရာ ယင်း နေရာအနီး၌ပင် မြန်မာနိုင်ငံသား ၁၂ ဦးအား နံနက် ၁၀ နာရီခွဲခန့်၌ ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ဖမ်းဆီးရမိခဲ့သည့် အမျိုးသား ၁၁ ဦးနှင့်အမျိုး သမီး ၈ ဦး(စုစုပေါင်း ၁၉ ဦး)တို့အားစစ်ဆေးရာ မလေးရှားနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် တရားမဝင်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား မလေးရှားနိုင်ငံဥပဒေအရအရေးယူရန် Bukit Kayu Hitam ရဲစခန်းသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here