အာဂျင်တီးနား၌ စံချိန်တင် အပူချိန် မြင့်တက်မှုကြောင့် ကျန်းမာရေးသတိပေးချက်များထုတ်ပြန်ထားရ

0
119

ဗွေနိုဇာရီ၊ဖေဖော်ဝါရီ ၁၂

ဆယ်စုနှစ်ခြောက်စုကျော်အတွင်း အဆိုးရွားဆုံးအပူလှိုင်းဒဏ်ကိုခံစားနေရသည့် အာဂျင်တီးနားသည် တောင်ပိုင်းနှင့်အလယ်ပိုင်းပြည်နယ်ကိုးခုသို့ ကျန်းမာရေးသတိပေးချက်များထုတ်ပြန်ထားရကြောင်း နိုင်ငံတော်မိုးလေဝသဌာနကပြောကြားခဲ့သည်။

ယခုတစ်ကြိမ်သည်နိုင်ငံတွင်းအပူချိန်မြင့်တက်ပြီး အပူလှိုင်းဝင်ရောက်မှု ရှစ်ကြိမ်မြောက်ဖြစ်ကြောင်းသိရပြီး အပူချိန်မှာ ၄၀ ဒီဂရီ ဆဲလ် စီးယပ်စ်နီးပါးရှိကြောင်းဖော်ပြထားသည်။ယခင်ဆယ်စုနှစ်များက အာဂျင်တီးနားသည် အပူချိန်မြင့်တက်မှုနှင့်အပူလှိုင်းကို လေးငါးကြိမ်လောက်သာခံစားရဖူးကြောင်းပြောကြားခဲ့သည်။

ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုကြောင့် အာဂျင်တီးနား၏တောင်ထူထပ်ရာဒေသဖြစ်သည့် ပင်တဂိုနီယာဒေသ၌ပင် အပူချိန်သိသိသာသာထိုးတက်လာကြောင်းပြောကြားခဲ့ပြီး ရာသီဥတုပြောင်းလဲမှုကြောင့် ကျန်ကမ္ဘာ့တိုက်ကြီးများ၌ပါ အခြေအနေပိုမိုပြင်းထန်လာနိုင်သည်ဟုလည်းဆိုသည်။

အပူချိန်အလွန်မြင့်တက်လာမှုကြောင့် လိမ္မော်ရောင်အဆင့်သတိပေးချက်ပါ ထုတ်ပြန်ထားရကြောင်းလည်းသိရသည်။ပင်တဂိုနီယာဒေသ၌ပင် အပူချိန် ၄၂ ဒီဂရီ ဆဲလ် စီးယပ်စ် အထိမြင့်တက်လာခဲ့သည်။

ပြီးခဲ့သည့်နှစ်ကလည်း အယ်နီညိုနှင့်လာနီညာဖြစ်စဉ်တို့ကြောင့် အာဂျင်တီးနား၌ အပူချိန်မြင့်တက်လာကာ သီးနှံဆုံးရှုံးရမှု ခန့်မှန်းခြေအမေရိကန်ဒေါ်လာ ၁၀ ဘီလျံခန့်ဆုံးရှုံးခဲ့ကြောင်းလည်းသိရှိရသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here