ပြည်သူ့ရင်ပြင်သို့ လာရောက်မည့် ပြည်သူများ အဆင်ပြေစေရန် YBS စီးရေ ၁၂၀ ကျော်ဖြင့် ကြို/ပို့ပေးနေ

0
404

(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့၊ပြည်သူ့ရင်ပြင်၌ ပြုလုပ်လျက်ရှိသည့် ပြခန်းများနှင့် ဈေးရောင်းပွဲတော်သို့ လာရောက်သူများ အဆင်ပြေစေရန် YBS အစီးရေ (၁၂၀)ဖြင့် ကြိုပို့ပေးနေကြောင်း သိရသည်။

အဆိုပါ အစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ စီစဉ်ဆောင်ရွက်ပေးနေခြင်းဖြစ်ကာ ယာယီမှတ်တိုင်ပြုလုပ်ပြီး ပြေးဆွဲပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ ဖေဖေါ်ဝါရီ (၁၂) ရက်တွင် ကျရောက်သည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ဝန်ကြီးဌာန၊ နေပြည်တော်၊ တိုင်းနှင့် ပြည်နယ် ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာနှင့် ဒေသထွက်ကုန်ပစ္စည်း အရောင်းပြခန်းများ စသဖြင့် ပြခန်းပေါင်း (၄၀၀) ကျော်ကိုဖေဖော်ဝါရီ (၁၀) ရက်မှ (၁၄) ရက်အထိ ဖွင့်လှစ်ပြသ‌နေခြင်း ဖြစ်သည်။

အဆိုပါ ပြပွဲနှင့် ဈေးရောင်းပွဲတော်အား လာရောက်သူ များအဆင်ပြေစေရန် YBS စီးရေ ၁၂၀ ကျော်ဖြင့် ပြည်သူ့ရင်ပြင်ရှေ့တွင် ယာယီမှတ်တိုင်ပြုလုပ်၍ နေ့စဉ် ကြို/ ပို့ ပြုလုပ်ပေးနေခြင်းလည်း ဖြစ်သည်။

ပြခန်းများနှင့် ဈေးရောင်းပွဲတော်တွင် နိုင်ငံကျော်တေးသံရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများလည်း ထည့်သွင်းကျင်းပပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here