ခရီးသည်အမျိုးသမီး ၂ ဦးသယ်လာသည့် ငွေကျပ်သိန်း ၁၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား မိုးကုတ်မြို့နယ်၊လယ်ကြီးပူးပေါင်းစစ်ဆေးရေးဂိတ်၌ဖမ်းမိ

0
260

မန္တလေးတိုင်း၊မိုးကုတ်မြို့နယ်ရှိ လယ်ကြီးပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဖေဖော်ဝါရီ ၁၁ ရက်ညနေပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယမန်နေ့ညနေ ၅ နာရီခွဲခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များသည် မိုးကုတ်မြို့နယ်၊လယ်ကြီးပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မိုင်းလုံကျေးရွာဘက်မှမိုးကုတ်မြို့ဘက်သို့မောင်းလာသည့် ခရီးသည်တင်ကားအား စစ်ဆေးခဲ့ကြသည်။

ခရီးသည် ဒေါ်ခင်အုန်းမြင့်(၆၀)နှစ်နှင့်ဒေါ်အေးမြင့်(၄၉)နှစ်တို့တင်ဆောင်လာသည့် စက္ကူဂျပ်ဖာများနှင့်ဆောင်းဘောက်အတွင်းတို့မှ ငွေကျပ် ၁၈၄၂ သိန်းတန်ဖိုးရှိ ဘိန်းဖြူ(၃ ဒသမ ၂၉ ကီလို)နှင့်စိတ်ကြွဆေးပြား ၆၈၀၀၀ ပြားတို့အား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့်အမျိုးသမီး ၂ ဦးအား မိုးကုတ်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ကာစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here