ယခုဘဏ္ဍာနှစ်အတွင်း ဆန်၊ဆန်ကွဲ ပြည်ပတင်ပို့မှု တန်ချိန် (၂) သန်း တင်ပို့ရန်လျာထား၊ ၂၀၂၃ ဇန်နဝါရီလကုန်အထိ (၁ ဒသမ ၉) သန်း တင်ပိုနိုင်ခဲ့

0
133

၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင်ဆန်၊ ဆန်ကွဲ ပြည်ပသို့ တန်ချိန် (၂) သန်း တင်ပို့ရန် လျာထားပြီး ၂၀၂၃ ဇန်နဝါရီလကုန်အထိ (၁ ဒသမ ၉) သန်း တင်ပိုနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

ယင်းအပြင် လျာထားချက်ပြည့်မီနိုင်ရန်အတွက် ဖေဖော်ဝါရီ နှင့် မတ်လ တို့တွင် တန်ချိန် (၁  ဒသမ ၅) သိန်းကျစီဖြင့် တန် (၃) သိန်း တင်ပို့ရန် လျာထားကြောင်းသိရသည်။

ဆန်တင်ပို့မှုအနေဖြင့် စုစုပေါင်း ၂၄ နိုင်ငံကို တင်ပို့ခဲ့ပြီး အများဆုံးတင်ပို့ခဲ့သည့် နိုင်ငံမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်ကာ ဒုတိယအများဆုံးမှာ တရုတ်နိုင်ငံဖြစ်ပြီး စုစုပေါင်း ၄၉၆၈၅ မက်ထရစ်တန် တတိယအများဆုံးအဖြစ် ဖိလစ်ပိုင်နိုင်ငံကို တင်ပို့ခဲ့ကြောင်း သိရသည်။

ပြည်ပသို့ ဆန်တင်ပို့မှုမှာ ပင်လယ်ရေကြောင်းနှင့် နယ်စပ်လမ်းကြောင်းတွေကနေတစ်ဆင့် ကုမ္ပဏီပောင်း ၄၁ ခုမှ တင်ပို့နေခြင်းဖြစ်ပြီး လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နှစ်နိုင်ငံ MOU စနစ်ဖြင့် ဆန်တင်ပို့နေကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here