အာဆီယံ၏အလုပ်သဘောဆွေးနွေးမှု မြန်မာ့ငြိမ်းချမ်းရေးအတွက် အဓိကဖြစ်သင့်ဟုဂျပန်ကိုယ်စားလှယ်ဆို

0
200

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းနိုင်ရန် အာဆီယံအနေဖြင့် လက်ရှိနစကအစိုးရနှင့်ပါ အလုပ်သဘောတွေ့ဆုံဆွေးနွေးမှုမျိုးပြုလုပ်သင့်ကြောင်း မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ မစ္စတာဆာဆာကာဝါကပြောကြားခဲ့သည်။

အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၌ကိုယ်စားလှယ်ရုံးထူထောင်သင့်ပြီး နစကအစိုးရနှင့်ထိတွေ့ဆက်ဆံသင့်သည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။မစ္စတာဆာဆာကာဝါသည် ဂျပန်ဖောင်ဒေးရှင်းဥက္ကဌလည်းဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီးတွင် အာဆီယံက မြန်မာ့အရေးအတွက် အားလုံးပါဝင်ဆွေးနွေးနိုင်ရေးသည် အဓိကကျသည်ဟုဆုံးဖြတ်ခဲ့ကြပြီး မစ္စတာဆာဆာကာဝါကလည်း ဆွေးနွေးပွဲသည်မရှိမဖြစ်လိုအပ်သည်ဟု သဘောတူညီခဲ့သည်။

“အဝေးမှနေ၍ ဝေဖန်နေခြင်းသည် အလုပ်မဖြစ်နိုင်” ဟုလည်း၎င်းကပြောကြားခဲ့ပြီး ၎င်းအနေဖြင့် လက်ရှိအာဆီယံဥက္ကဌ အင်ဒိုနီးရှားအနေဖြင့် မတည်ငြိမ်မှုကိုဖြေရှင်းရန် ဦးဆောင် နိုင်လိမ့်မည်ဟုမျှော်လင့်သည်ဟုလည်းပြောကြားခဲ့သည်။

Source : Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here