ရန်ကုန်တိုင်းရှိ မြို့နယ် ၄ ခု၌ လုပ်ကြံသတ်ဖြတ်မှုများကျူးလွန်ခဲ့ကြသည့် လှိုင် PDF အဖွဲ့ဝင် ၇ ဦးအားဖမ်းဆီးရမိ

0
308

ရန်ကုန်တိုင်း၊ကမာရွတ်၊မရမ်းကုန်း၊လှိုင်နှင့်အင်းစိန်မြို့နယ်တို့တွင် တပ်မတော်မှအရာရှိတစ်ဦးနှင့်ဇနီးတို့အပါအဝင် လုပ်ကြံသတ်ဖြတ်မှုများကျူး လွန်ခဲ့ကြသည့် လှိုင် PDF အဖွဲ့ဝင် အမျိုးသား ၇ ဦးအား ဖမ်းဆီးရမိခဲ့သည်ဟု နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များသည် ဇန်နဝါရီ ၃၀ ရက်နံနက်ပိုင်းက လှိုင်မြို့နယ်၊အမှတ်(၂)ရပ်ကွက်၊ဓာ တုဗေဒလမ်းရှိ မြတ်မိဘကုမ္ပဏီ၊ ရွှေဝါဆပ်ပြာ စက်ရုံ၊ ဒု-အထွေထွေမန်နေဂျာ ဦးမြင့်စိုး(စစ်မှု ထမ်းဟောင်းငြိမ်း)အား လုပ်ကြံသတ်ဖြတ်သွားသူများကို ဖမ်းဆီးရမိရန်စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

ထိုသို့ စုံစမ်းစစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့ကြသည့် တင်စိုး(ခ)ဘိုးတော်၊အေးသိန်းနှင့်ချစ်ကိုတို့အား ဖေဖော်ဝါရီ ၇ ရက်တွင် ဖော် ထုတ်ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ အောင်ဇော်လင်း(ခ)အောင်ကြီး၊အောင်ခန့်ဖြိုး(ခ)မိုးတိမ်၊ပြည့်ဖြိုးငြိမ်း(ခ) ကိုကင်း၊ညီညီထွေး(ခ)သံချောင်းတို့အား ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

ထိုသို့ ဖမ်းဆီးရမိခဲ့သည့်အပြင် ရန်ကုန်တိုင်းအ တွင်းရှိ မြို့နယ် ၄ ခု၌ တပ်မတော်မှအရာရှိတစ်ဦးနှင့်ဇနီးတို့အား လုပ်ကြံသတ်ဖြတ်မှုအပါအဝင် လုပ်ကြံသတ်ဖြတ်ခဲ့မှုဖြစ်စဥ်များအား ဖော်ထုတ်သိရှိခဲ့ရကြောင်း သိရသည်။

ထို့ပြင် လုပ်ကြံသတ်ဖြတ်မှုများအား စေခိုင်းသူသည် အင်းစိန်မြို့နယ်၊အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဝေဖြိုးဟန်မှ စေခိုင်းခဲ့ခြင်းဖြစ်ကြောင်းကိုလည်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူ ၇ ဦးအား ဥပဒေအရထိရောက်စွာအရေးယူရန် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here