အောင်ပန်းတွင် နေအိမ်မီးလောင်မှုဖြစ်ပွား၊ သွပ်ပြားများကြောင့် ပြတ်ရှဒဏ်ရရသူများရှိခဲ့

0
257

ရှမ်းပြည်နယ်၊ကလောမြို့နယ်၊အောင်ပန်းမြို့တွင် ဖေဖော်ဝါရီ ၁၂ ရက်ညပိုင်းက နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာန ချုပ်နှင့်နာရေးကူညီမှုအသင်း(အောင်ပန်း)တို့မှ သိရသည်။

ယမန်နေ့ည ၇ နာရီ ၃၅ မိနစ်ခန့်က အောင်ပန်းမြို့၊အမှတ်(၃)ရပ်ကွက်၊နယ်မြေ (၉)၊မြတ်လေးလမ်းရှိ နေအိမ်တစ်လုံးတွင် မီးလောင်မှုဖြစ်ပွား၍ အောင်ပန်းနယ်မြေမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအ သင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် ည ၇ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

“ဘေးအိမ်တွေကို မီးကူးစက်တာမရှိပါဘူး မီးလောင်တဲ့အိမ်က သွပ်ပြားနဲ့မိုးထားတော့ မီးငြိမ်းဖို့အတွက်လိုအပ်တာတွေလုပ်ရတော့ သွပ်ပြားရှတဲ့လူတွေလောက်ပဲရှိပါတယ် သေဆုံးသူမရှိပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။

သွပ်ပြားပြတ်ရှဒဏ်ရာရရှိခဲ့သူများအား လူမှုကူ ညီရေးအသင်းများက အောင်းပန်းမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here