ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကုန်တင်ကားတိုက်ရော့ပြုတ်ထွက်၍ အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်

0
172

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ဘောနီအမြန်လမ်းမီးသတ်စခန်းအပိုင်တွင် ဖေဖော်ဝါရီ ၁၂ ရက်နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။

ယမန်နေ့နေ့လည် ၃ နာရီ ၄၀ မိနစ်ခန့်က ရန်ကုန်ဘက်မှနေပြည်တော်ဘက်သို့ ကားမောင်းသူအပါအဝင် အမျိုးသား ၄ ဦးလိုက်ပါလာသည့် FUSO ကုန်တင်ကားသည် အမြန်လမ်းမကြီး၏ ဘောနီအမြန်လမ်းမီးသတ်စခန်းအပိုင် မိုင်တိုင်အမှတ် ၄၇/၁ နှင့် ၄၇/၂ ကြား၏လမ်းကွေ့တွင် တိုက်ရော့ပြုတ်ထွက်သွားခဲ့သည်။

တိုက်ရော့ပြုတ်ထွက်၍ အရှိန်မထိန်းနိုင်ဘဲ ညာဘက်မြေသားလမ်းပေါ်သို့ ထိုးကျတိမ်းမှောက်သွားခဲ့သည်ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်အား ဘောနီအမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်ဘောနီအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ကုန်တင်ကားတိမ်းမှောက်မှုကြောင့် ကားပေါ်တွင်လိုက်ပါလာသည့် အမျိုးသား ၄ ဦးအနက် အမျိုးသား ၁ ဦးတွင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ပဲခူးမြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here