ငလျင်ဘေးဒဏ်ခံရသူများအားကူညီရန် အိန္ဒိယစစ်တပ်ကတုကီယေး၌ ဆေးရုံတည်ဆောက်ပေး

0
116

လွန်ခဲ့သည့်ရက်ပိုင်းကဖြစ်ပွားခဲ့သော ငလျင်ဒဏ်ကြောင့် တုကီယေး၌အိန္ဒိယစစ်တပ်က ဆေးရုံတစ်ရုံဆောက်လုပ်၍ ကူညီပေးကြောင်းသိရသည်။အဆိုပါတပ်မတော်ဆေးရုံသည် ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆေးဝါးအကူအညီများကိုလည်း ပေးလျက်ရှိသည်။

“အခုလိုကပ်ဘေးနှင့်ရင်ဆိုင်ရပြီးတဲ့ အခါ အားလုံး၏စိတ်ထဲ အနည်းနဲ့အများ စိတ်ထိခိုက်ကြရပါတယ်။ ဒီစိတ်ဒဏ်ရာ တွေကို အချို့ကထုတ်ဖော်ပြသခြင်းမရှိပေမယ့် စိတ်ထဲ မတော့ စိုးရိမ်ကြောက်လန့်မှုကတော့ရှိနေဆဲပါ” ဟုဆေးရုံ၏ ဒုတိယ ဆေးရုံအုပ် ဒုဗိုလ်မှူးကြီးကပြောကြားခဲ့သည်။

တနင်္ဂနွေနေ့တွင် တုကီယေးနှင့်ဆီးရီးယားငလျင်သေဆုံးမှုသည် ၃၃,၀၀၀ အထိမြင့်တက်လာခဲ့ပြီး သေဆုံးမှုသည်လက်ရှိထက် နှစ်ဆမြင့်တက်လာနိုင်သည်ဟုလည်း ကုလသမဂ္ဂကသတိပေးချက်ထုတ်ပြန်ထားသည်။

သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ကယ်ဆယ်ရေး၌ပါဝင်သည့်ဆေးပညာရှင်များ၏ပြောကြားချက်အရ တုကီယေး၌ လူပေါင်း ၂၉,၆၀၅ ယောက်သေဆုံးခဲ့ပြီး ဆီးရီးယား၌ ၃,၅၇၄ ဦးသေဆုံးခဲ့ကြောင်းသိရသည်။လက်ရှိ၌ နှစ်နိုင်ငံပေါင်း ၃၃,၁၇၉ ယောက်ရှိပြီဖြစ်သည်။

ဆီးရီးယားအနောက်မြောက်ပိုင်းသို့ပို့ဆောင်ပေးမည့် ကယ်ဆယ်ရေးပစ္စည်းများ တုကီယေးမှတစ်ဆင့်ပို့ဆောင်ခဲ့ပြီဖြစ်သော်လည်း အများအပြားလိုအပ်နေသေးသည်ဟု ကုလကယ်ဆယ်ရေးအကြီးအကဲ မာတင်ဂရဖ်ကပြောကြားခဲ့ပြီး ၎င်းတို့အနေဖြင့် ဆီးရီးယားပြည်သူများအပေါ် အချိန်နှင့်တစ်ပြေးညီ မကူညီပေးနိုင်သေးကြောင်းဝန်ခံပြောကြားခဲ့သည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here