သန်လျင်တွင် စက်လှေတစ်စင်းအရှိန်လွန်တိန်းမှောက် ၂ ဦးသေဆုံး

0
192

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင် စက်လှေတစ်စင်းအရှိန်လွန်တိန်းမှောက်ခဲ့ပြီး ၂ ဦးရေနစ်သေဆုံးသွားကြောင်း ရွှေရောင်တွဲလက်လူမှုကူညီကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၁၂ ရက်) ညနေပိုင်းတွင် အမျိုးသား ၆ ဦး လိုက်ပါလာသည့် စက်လှေတစ်စင်းသည် သန်လျင်မြို့ခြောက်လမ်းသွား ကားလမ်းမဘေးရှိ ငါးပြေမကျေးရွှာချောင်းအတွင်း အရှိန်လွန်တိမ်းမှောက်ခြင်းဖြစ်ပြီး အမျိုးသား ၂ ဦးရေနစ်သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

“သူတို့သူငယ်ချင်းတွေ အိမ်အလည်သွားပြီး အပြန်မှာပဲဖြစ်သွားတာပါ၊ စက်လှေပေါ်မှာ ၆ ယောက်ပါတယ်၊ ၂ယောက်သေတယ်၊ မနေ့ညက ရုပ်အလောင်းတစ်လောင်းတွေ့တယ်၊ ဒီနေ့မနက်မှာ နောက်တစ်လောင်းတွေ့ပါတယ်” ဟု ကယ်ဆယ်ရေးတွင် ပါ၀င်ခဲ့သူတစ်ဦးကပြောသည်။

စက်လှေပေါ်ပါသူ အမျိုးသား ၆ ဦးအနက် ၂ ဦးရေနစ်သေဆုံးခဲ့ဖြစ်ပြီး သေဆုံးသူများမှာ သန်လျင်မြို့နယ်နေသူများဖြစ်ကာ လက်ရှိအချိန်တွင် ရုပ်အလောင်းများကို သန်လျင်ဆေးရုံကြီးသ်ို့ ပို့ဆောင်ထားသည်ဟု သိရသည်။

ဓာတ်ပုံ – ရွှေရောင်တွဲလက်


LEAVE A REPLY

Please enter your comment!
Please enter your name here