ချင်းမိုင်တက္ကသိုလ်တွင်ကျင်းပသည့် “ပျော်ရွှင်စရာ မြန်မာဘုရားပွဲ ၂၀၂၃”အား ကောင်စစ်ဝန်ချုပ်ဦးအောင်ကျော်လင်းတက်ရောက်ဆုချီးမြှင့်

0
198

ချင်းမိုင်တက္ကသိုလ်တွင် “ပျော်ရွှင်စရာ မြန်မာဘုရားပွဲ ၂၀၂၃”အား ဖေဖော်ဝါရီ ၁၀ ရက်နံနက် ၈ နာရီခွဲကကျင်းပရာ ကောင်စစ်ဝန်ချုပ်ဦးအောင်ကျော်လင်း တက်ရောက်၍ဆုချီးမြှင့်ခဲ့သည်။

အဆိုပါပွဲအား ချင်းမိုင်တက္ကသိုလ်၊မနုဿဗေဒဌာနကြီး၊မြန်မာဘာသာဌာနမှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။

“ပျော်ရွှင်စရာ မြန်မာဘုရားပွဲ ၂၀၂၃”တွင် မြန်မာစကားပြောစွမ်းရည်ပြိုင်ပွဲ၊လက်ရေးလှပြိုင်ပွဲ၊တေးသီချင်းဆိုပြိုင်ပွဲတို့အားကျင်းပခဲ့ပြီး ကောင်စစ်ဝန်ချုပ်နှင့်တာဝန်ရှိသူများက ဆုရရှိသူများအား ဆုများချီးမြှင့်ကာ မြန်မာတေးသီချင်းသီဆိုသူများအား ဆုငွေများချီးမြှင့်ခဲ့ကြသည်။

ကောင်စစ်ဝန်ချုပ်ဦးအောင်ကျော်လင်းမှ မြန်မာလူမျိုး ဆရာ/ဆရာမများ၊ကျောင်းသား၊ကျောင်းသူများနှင့်လည်းတွေ့ဆုံ၍ ပညာသင်ကြားရေးဆိုင်ရာအခြေအနေများနှင့်လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရန် မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here