မြန်မာ့အရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံကိုယခုထက်ပို၍ တက်ကြွစေလိုကြောင်း မလေးရှားပြော

0
201

ဘန်ကောက်၊ဖေဖော်ဝါရီ ၁၃

မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင်က မြန်မာနိုင်ငံ၏ ပဋိပက္ခများကိုဖြေရှင်းရာတွင် ပိုမိုတက်ကြွစွာပါဝင်ဆောင်ရွက်ရန် ထိုင်းကိုတောင်းဆိုခဲ့သည်။

လွန်ခဲ့သည့် ၂ နှစ်ခန့်က နိုင်ငံရေးအပြောင်းအလဲမှစတင်ခဲ့သော မြန်မာ့‌အရေးအားကိုင်တွယ်ပုံနှင့်ပတ်သက်၍ အရှေ့တောင်အာရှဒေသအတွင်း ရပ်တည်ချက်သ‌ဘောထား ကွဲလွဲမှုများရှိနေကြောင်းမှတ်ချက်ပြုခဲ့သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ထိုင်းနှင့်မလေးရှားတို့သည်လည်း မြန်မာနိုင်ငံ၏ပြဿနာများကို အနည်းဆုံးဖြစ်‌အောင်လျှော့ချရန် ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်သင့်သည်ဟု အန်နဝါက ထိုင်းဝန်ကြီးချုပ် ပရာယွတ်နှင့်တွေ့ဆုံအပြီးတွင် ပြောကြားခဲ့သည်။

မြန်မာ့အရေးသည် မြန်မာပြည်တွင်း၌ဖြေရှင်းရမည်ဖြစ်သော်လည်း ထိုင်းနိုင်ငံအနေဖြင့် မြန်မာနှင့်အနီးကပ်ဆုံးနိုင်ငံဖြစ်သဖြင့် မြန်မာ့အရေးရိုက်ခတ်မှုကြောင့် ဒေသတွင်းအခြေနေများကိုဖော်ပြရန် အကောင်းဆုံးအ‌ခြေနေဖြစ်သည်ဟုမစ္စတာအန်နဝါကပြောကြားခဲ့သည်။

မစ္စတာပရာယွတ်ဘက်မှ မစ္စတာအန်နဝါ၏ပြောကြားချက်ကို ချက်ချင်းမတုံ့ပြန်ခဲ့ပဲ ခဏအကြာ၌ “ကျွန်တော်တို့ကမိသားစုတွေပါပဲ၊ကျေးဇူးတင်ပါတယ်” ဟုတုံ့ပြန်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင်းမငြိမ်သက်မှုများကြောင့် နေရပ်စွန့်ခွာရှောင်တိမ်းသူများပြားလာကာ ၎င်းတို့သည် ထိုင်း၊မလေး၊အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် အစရှိသည့် နိုင်ငံများသို့ ဝင်ရောက်မှုများလည်းများပြားလာသဖြင့် ဒေသတွင်းရိုက်ခတ်မှုပြင်းထန်လာသည်ဟုလည်း မစ္စတာအန်နဝါကပြောကြားခဲ့သည်။

Source : Bangkok Post


LEAVE A REPLY

Please enter your comment!
Please enter your name here