ပြည်ပအလုပ်အကိုင်ရှာဖွေရေး လိုင်စင်ရအေဂျင်စီ ၇ ခု ကိုယာယီလိုင်စင်သိမ်းထား

0
344

ပြည်ပအလုပ်အကိုင်ရှာဖွေရေး တရားဝင်လိုင်စင်ရအေဂျင်စီ ၇ ခုကိုယာယီရုပ်သိမ်းကာ လိုင်စင်ပိတ်သိမ်းမှုတွေရှိနေကြောင်း အလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်ကြေညာထားသည်။

အဆိုပါ အေဂျင်စီ ၇ ခုကို ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အတွင်း ၆ လ မှ ၁ နှစ်အထိ သတ်မှတ်ကာလအလိုက်ယာယီလိုင်စင်ပိတ်သိမ်းခြင်းဖြစ်ကြောင်းသိရသည်။

Labour King ကုမ္ပဏီလီမိတက်အား ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၄ ရက်မှ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၃ ရက်အထိ တစ်နှစ်၊ Shwe Phyo Thar ကုမ္ပဏီလီမိတက်အား ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၉ ရက် မှ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၈ ရက်အထိ တစ်နှစ်စီရုပ်သိမ်းခဲ့ကြောင်း၊ ဆက်လက်ပြီး Myanmar Shwe Yanant ကုမ္ပဏီလီမိတက်အား ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၉ ရက်မှ ၂၀၂၃ခုနှစ် မေ ၈ ရက်အထိ ခြောက်လ၊ Royal ABS Co.,Ltd. အား ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၀ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၉ ရက်အထိ တစ်နှစ်၊ Top Choice Manpower Co.,Ltd အား ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်အထိ တစ်နှစ်နှင့် Myint Myat Tan Khon Co.,Ltd. အား ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှ ၂၀၂၃ ခုနှစ် ဇူလိုင် ၃၀ ရက်အထိ ခြောက်လ ယာယီရုပ်သိမ်းထားခြင်းဖြစ်သည်။

လက်ရှိတွင် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီ ၃၀၀ ကျော်ရှိပြီး အလုပ်သမားစေလွှတ်ခြင်းကို ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းကစပြီးပြန်လည် လုပ်ဆောင်နေကြကြောင်း၊ ယင်းအပြင် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်အသစ် လျှောက်ထားလိုသူများအနေဖြင့်လည်း သတ်မှတ်ချက်တွေနှင့်အညီ လျှောက်ထားနိုင်ကြောင်း အလုပ်သမားညွန်ကြားရေးဦးစီးဌာနမှ အသိပေး ထုတ်ပြန်ကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here