အဌဂံပုံသဏ္ဍာန်ရှိ ပျံသန်းနေသော အရာတစ်ခုကို အမေရိကန်လေတပ်က တနင်္ဂနွေနေ့က ပစ်ချခဲ့ပြန်

0
282

အမေရိကန်လေတပ်မှ F-16 တိုက်လေယာဉ်တစ်စင်းသည် သမ္မတ ဂျိုးဘိုင်ဒင် ညွှန်ကြားမှုအရ အမေရိကန်ပြည်ထောင်စု Huron ရေကန်အနီး လေထုထဲတွင်ပျံသန်းလာသည့် အဌဂံ ပုံသဏ္ဍာန်ရှိ အရာတစ်ခုကို တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက ပစ်ချခဲ့ရကြောင်း ပင်တဂွန်စစ်ဌာနချုပ်က သတင်းထုတ်ပြန်သည်။

ထိုအရာသည် စစ်ရေးအရ အန္တရာယ်ရှိသည့် အရာမဟုတ်သော်လည်း လေကြောင်းပျံသန်းမှုဆိုင်ရာတွင် အန္တရာယ်ရှိကြောင်း ပင်တဂွန် သတင်းထုတ်ပြန်ရေးတာဝန်ခံ ဗိုလ်မှူးချုပ် ပက်ရိုင်ဒါကပြောသည်။

ယင်းသည် တရုတ်နိုင်ငံမှလွှတ်တင်ထားသည်ဆိုသော မိုးပျံဘောလုံးကို ဖေဖေါ်ဝါရီ ၄ ရက်နေ့က ပစ်ချခဲ့ပြီးနောက် မြောက်အမေရိကလေပိုင်နက်အတွင်း စတုတ္ထမြောက်ပစ်ချခြင်းခံရသော အမျိုးအမည်မသိ အရာဝတ္ထုဖြစ်သည်။

“ဒီအရာဝတ္ထုရဲ့ အပျက်အစီးတွေကို ကျွန်တော်တို့ ရှာဖွေပြီး ဆန်းစစ်လေ့လာမှာပါ”ဟုလည်း ဗိုလ်မှူးချုပ် ပက်ရိုင်ဒါကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here