ကွတ်ခိုင်မြို့တွင် PAJERO ကားပေါ်မှ ငွေကျပ်သိန်း ၄၄၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

0
144

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့တွင် PAJERO ကားပေါ်မှ ငွေကျပ်သိန်း ၄၄၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရဖေဖော်ဝါရီလ ၁၁ ရက် ည ၉ နာရီအချိန်ခန့်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၊ အမှတ်(၂) ရပ်ကွက်၊ မူဆယ်-လားရှိုးသွားကားလမ်း၌ မူဆယ်မှ ကွတ်ခိုင်ဘက်သို့ မိုင်းနိုင်အောင် မောင်းနှင်လာသည့် PAJERO မော်တော်ယာဉ်ကို ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၄၄၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈ ဒသမ ၉ သိန်းနှင့် ဘိန်းဖြူ ၁၀ ဂရမ် သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများအား မူဆယ်မြို့နယ်မှ လားရှိုးမြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရပြီးကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here