ဘုရားမီးပူဇော်ရာမှ ယာယီကျောင်းဆောင်မီးလောင်ကျွမ်း၊ အသက်(၁၀)နှစ်အရွယ်ကိုရင်တစ်ပါးပျံလွန်တော်မူခဲ့မှု သီပေါမြို့နယ်တွင်ဖြစ်ပွား

0
244

ရှမ်းပြည်နယ်၊သီပေါမြို့၊စံဖိတ်ကျေးရွာရှိ မဏိရတနာစံဖိတ်ဘုန်းတော်ကြီးကျောင်းရှိ ယာယီကျောင်းဆောင်တွင် ဖေဖော်ဝါရီ ၁၃ ရက်ညပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယမန်နေ့ည ၉ နာရီ ၄၅ မိနစ်ခန့်က သီပေါမြို့၊စံဖိတ်ကျေးရွာရှိ မဏိရတနာစံဖိတ်ဘုန်းတော်ကြီးကျောင်းရှိ ယာယီကျောင်းဆောင်တွင် မီးလောင်မှုဖြစ်ပွား၍ သီပေါမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ငြှိမ်းသတ်မှုကြောင့် ည ၁၀ နာရီခွဲတွင် မီးငြိမ်းသွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

မီးလောင်မှုကြောင့် ယာယီကျောင်းဆောင်ပေါ်၌ အိပ်ပျော်နေသည့် အသက်(၁၀)နှစ်အရွယ်ခန့်ရှိ ကိုရင်တစ်ပါးပျံလွန်တော်မူခဲ့ပြီး ယာယီကျောင်းဆောင်မှာလည်း ပျက်စီးဆုံးရှုံးသွားခဲ့သည်ဟု လူမှုကူညီရေးအသင်းများမှ သိရသည်။

“ယာယီအဆောင်ပေါ့ အခုမီးလောင်တဲ့ကျောင်းဆောင်က အောက်ခံခွက်မပါဘဲဘုရားမီးပူဇော်ရာကနေ ဘုရားကျောင်းဆောင်ကိုမီးစွဲပြီး အဲဒီကနေတဆင့်လောင်သွားတာ ၄၅ မိနစ်ပျော်လောက်ကြတယ် မီးငြှိမ်းရတာ ကိုရင်လေးတစ်ပါးပျံလွန်တော်မူသွားတယ် တခြားထိခိုက်တဲ့သူတော့မရှိပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ပျံလွန်တော်မူသွားသည့် ကိုရင်၏ရုပ်အလောင်းအား လူမှုကူညီရေးအသင်းဝင်များက ဆေးရုံသို့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here