City Taxi အဖြစ် အစီးရေ ၁၃၀၀ ကျော် လာရောက်မှတ်ပုံတင်ထား

0
422

ဖေဖော်ဝါရီ ၁ ရက်မှ ၁၃ ရက်အထိ City Taxi အဖြစ်လာရောက်မှတ်ပုံတင်သည့် ကားအစီရေ ၁၃၅၀ စီးရှိပြီဖြစ်ကြောင်း YRTC မှတွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် တက္ကစီယာဉ်တွေကို စည်းကမ်းနှင့်အညီ စနစ်တကျပြေးဆွဲနိုင်ရန်၊ မြိုတော်အင်္ဂါရပ်နှင့်ညီညွတ်သည့် City Taxi ယာဉ်များဖြစ်စေရန်နှင့် အုပ်ချုပ်မှုဆိုင်ရာ စနစ်တကျစီမံမှုပြုလုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပိုဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) စီမံမှုအောက်တွင် “ဂ”စင်းလုံးငှားဌာနတွေမှာ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

လက်ရှိတွင် City Taxi အဖြစ်မှတ်ပုံတင်ခြင်းကို အချိန်ကာလသတ်မှတ်ထားခြင်းမရှိပေမယ့် နောက်ပိုင်းတွင် မှတ်ပုံမတင်သည့် တက္ကစီယာဉ်တွေကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

City Taxi ယာဉ်တွေ၏ ဘေးစတေကာနံပါတ်တွေကို မြို့နယ်အလိုက် သတ်မှတ်သင်္ကေတ နံပါတ် ပြောင်းလဲတပ်ဆင်သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခရိုင်အပေါ်အခြေခံကာ City Taxi ယာဉ်တွေ၏ ဘေးစတေကာနံပါတ်တွေကို E၊ W၊ S၊ N သင်္ကေတများဖြင့် အသုံးပြုထားခြင်းဖြစ်ရာ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင်လေးခရိုင်မှ ၁၄ ခရိုင်သို့ ပြောင်းလဲဖွဲ့စည်းသတ်မှတ်ခဲ့ပြီးဖြစ်သည့်အတွက် ဖေဖော်ဝါရီလ ၁ ရက်ကစပြီး ပြောင်းလဲအသုံးပြုလုပ်ဆောင်နေခြင်းလည်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခင်မှတ်ပုံတင်ထားသည့် City Taxi ယာဉ်အစီးရေ ၆၀၀၀၀ ကျော်ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ၏ စာရင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here