ရန်ကုန်မြို့နေပြည်သူများအတွက် နေ့စဥ် ရေဂါလံ ၂၃၂ သန်းဖြန့်​ဝေနေ

0
239

ရန်ကုန်မြို့တော်စည်ပင်၊အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ ရန်ကုန်မြို့နေပြည်သူများ ရေသုံးစွဲမှုအဆင်ပြေစေရန် ၂၀၂၂ ခုနှစ်၊ဒီဇင်ဘာ ၇ ရက်မှစတင်၍ နေ့စဥ် ရေဂါလံ ၂၃၂ သန်းတိုးချဲ့ပေးဝေလျက်ရှိသည်။

ထိုသို့ ရေတိုးချဲ့ပေးဝေနေသည့် မရမ်းကုန်းမြို့နယ်၊ရေကူးရေတွန်းစက်ရုံမှ ရန်ကုန်မြို့တွင်းသို့ ရေပေးဝေနေမှုအား ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးမှ ဖေဖော်ဝါရီ ၁၃ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

ရေကူးရေတွန်းစက်ရုံဝင်းအတွင်း အကျယ် ၃၅ ပေ နှင့် ၃၆ ပေ အမြင့် ပေ ၃၀ နှစ်ထပ်ဓာတ်အားခွဲရုံသစ်တည်ဆောက်နေကာ ရေတွန်းစက်များ လည်ပတ်၍ ရန်ကုန်မြို့တွင်းသို့ ရေများတွန်းပို့လျှက်ရှိသည်။

ရန်ကုန်မြို့တော်စည်ပင်က ငမိုးရိပ်၊ ဖူးကြီး၊ ဂျိုးဖြူ၊လှော်ကား ရေလှောင်ကန်ကြီးများ၊ မြစ်ရေတင်စီမံကိန်းများ၊ မြေအောက်ရေနှင့်မိုးရေစုတွင်းများစသည့် ရေအရင်းအမြစ်များမှတစ်ဆင့် ရန်ကုန်မြို့နေသူများအတွက် နေစဉ်ရေဂါလံ ၂၀၅ သန်းပေးဝေခဲ့သည်။

ထို့သို့ ပေးဝေခဲ့ရာမှ လဂွန်းပြင်ရေပေးဝေရေးစီမံကိန်းပြီးစီးမှုတိုးတက်လာခြင်း၊လှိုင်မြစ်-လှော် ကားရေအားဖြည့်စီမံကိန်းပြီးစီးမှုတို့ကြောင့် ၂၀၂၁ ခုနှစ်၊မေ ၂၇ ရက်မှစ၍ ရေဂါလံ သန်း ၂၁၀ ၊ ၂၀၂၁ ခုနှစ်၊စက်တင်ဘာ  ၂ ရက်မှစ၍ ရေဂါလံ ၂၁၅ သန်း၊ ၂၀၂၂ ခုနှစ်၊ဧပြီ ၁၁ ရက်မှစ၍ရေဂါလံ ၂၂၅ သန်း၊ ၂၀၂၂ ခုနှစ်၊ဒီဇင်ဘာ  ၇ ရက်မှစ၍ ရေဂါလံ ၂၃၂ သန်းသို့အဆင့်ဆင့်တိုးမြှင့်ပေးဝေလျှက်ရှိကြောင်း သိရသည်။

လူဦးရေတိုးတက်မှုနှင့်အညီ နှစ်အလိုက်ရည်မှန်းချက်ထား၍ ရေထပ်မံတိုးချဲ့ပေးဝေနိုင်ရန် ရေလေလွင့်ဆုံးရှုံးမှုလျော့နည်းစေရေးကို အလေးထားဆောင်ရွက်ရန် မြို့တော်ဝန်ဦးဗိုလ်ဌေးက​ဆွေး​နွေး​ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here