မြောက်ဥက္ကလာပမြို့တွင် လမ်းလျောက်လာသူနှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၅၀၀ ကျော်ဖိုး ဖမ်းဆီးရမိ

0
179

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့တွင် လမ်းလျောက်လာသူနှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၅၀၀ ကျော်ဖိုး ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်ရှိ ပန်းခြံအတွင်း လမ်းလျှောက်လာသူ အောင်မျိုးသန့် (ခ)ငမျိုး နှင့် မခိုင်သဇင်ထွေး တို့အား သတင်းအရ စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၅၀၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ကွင်းဆက် ဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၃ နာရီ ၄၅ မိနစ်အချိန်တွင် ချို၀င်း(ခ)ထိန်လင်း အား မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ ခေမာသီလမ်းတွင် PAJERO အမျိုးအစား မော်တော်ယာဉ် ၁ စီးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

လက်ရှိအချိန်တွင် အောင်မျိုးသန့်(ခ) ငမျိုး(၄၆)နှစ်၊ မခိုင်သဇင်ထွေး (၂၅)နှစ် နှင့် ချို၀င်း(ခ)ထိန်လင်း (၄၁) နှစ်တို့အား မြောက်ဥက္ကလာပမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here