ရန်ကုန်ကားဈေးကွက် ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်နေဟုဆို

0
335

လက်ရှိတွင် ရန်ကုန်ကားဈေးကွက်အတွင်း ပုံမှန်အတိုင်းအရောင်းအဝယ်ဖြစ်နေပြီး အများစုဝယ်နိုင်သည့် ၅၀၀ နှင့် ၁၀၀၀ ကြား ကားအမျိုးအစားများ ပိုအရောင်းသွက်နေကြောင်း သိရသည်။

“လက်ရှိကားဈေးကွက်ကတော့ ပုံမှန်လေးတော့ သွားနေပါတယ်။ အရောင်းအဝယ်လည်း ပုံမှန်ရှိတယ်။ အမျိုးအစားကတော့ စုံတာပေါ့နော်။ ဒါပေမယ့် အများစုဝယ်နိုင်တဲ့ဈေးကတော့ ၅၀၀ နဲ့ ၁၀၀၀ ကြားအရောင်းအဝယ်ပိုသွက်တာပေါ့။ ၃၀၀၀၊ ၄၀၀၀ တန်ကားက အရောင်းအဝယ်မသွက်ဘူးလားဆိုရင် သွက်ပါတယ်။ ၅၀၀ နဲ့ ၁၀၀၀ ကားနဲ့ယှဉ်ရင်တော့ ရာခိုင်နှုန်းနည်းတာပေါ့။ သူက amount များသွားတဲ့အတွက် လူလည်းနည်းသွားတာပေါ့။ အခုလက်ရှိ ပေါ်လစီမူဝါဒအရတော့ လျှပ်စစ်ကားကိုပဲတင်သွင်းခွင့်ပေးဖို့ ပြင်ဆင်ဆောင်ရွက်လျက်ရှိတာပေါ့နော်။ ပေးထားတဲ့ကုမ္ပဏီတွေတော့ရှိပါတယ်။ ဒါပေမယ့် အများကြီးတော့မပေးထားဘူး၊ ခုဂဏန်းလောက်တော့ရှိတာပေါ့။ မြန်မာနိုင်ငံမှာတစ်ကယ်လုပ်ကိုင်ခွင့်ရတဲ့ကုမ္ပဏီတွေက ရာနဲ့ချီရှိပါတယ်”ဟု စကြာရွှေရည်ကားအရောင်းစင်တာမှ မန်နေဂျင်းဒါရိုက်တာ ကိုကျော်စွာထွန်းမြင့်က ပြောသည်။

ပြည်ပမှမော်တော်ယာဉ် တင်သွင်းခွင့်ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလ တစ်ရက်မှစ၍ ပိတ်ထားခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် အချိန်ကြာမြင့်စွာ ကားတင်သွင်းခွင့်ပိတ်ထားသည့်အတွက် လုပ်ငန်းရှင်ကားအရောင်းစင်တာများမှ CPU ဆိုသည့် နိုင်ငံခြားက အလုံးစုံတင်သွင်းမှ လုပ်လို့ရသည့် လုပ်ငန်းသမားများအနေဖြင့် အဆင်ပြေသလို ရောင်းထားပြီးသားများကို ပြန်ဝယ် ပြန်ရောင်းလုပ်နေရပြီး အဆင်မပြေမှုများရှိနေကြောင်းသိရသည်။

ယင်းအပြင် ကားအရောင်းစင်တာအချို့သည် သွင်းထားသည့် Deposit ကြေးများကို ပြန်လည်ထုတ်ယူ၍ လိုင်စင်ပိတ်သိမ်းမှုများ ပြုလုပ်ရန်ရှိနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here