ကနေဒါတွင် ပစ်ချခဲ့သည့် အရာမှာ သေးငယ်သော သတ္တုမီးပုံးပျံဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ ပြောကြား

0
268

စနေနေ့က ကနေဒါလေပိုင်နက်အတွင်း အမျိုးအမည်မသိ ပျံသန်းနေသော အရာဝတ္ထုဆိုသည်မှာ အောက်ဖက်တွင်ကြိုးများတွဲလောင်းချထားသော သေးငယ်သည့် သတ္တုမီးပုံးပျံတစ်ခု ဖြစ်ပုံရကြောင်း တနင်္လာနေ့တွင် ပင်တဂွန်စစ်ဌာနချုပ်က လွှတ်တော်အမတ်များထံ ပေးပို့သည့် မှတ်စုတိုတစ်စောင်အရ သိရသည်။

ယင်းမှတ်စုတိုတွင် မကြာသေးမီရက်များအတွင်း အမေရိကန်လေတပ်က ပစ်ချခဲ့သည့် အရာဝတ္ထုသုံးခုအနက်မှ ယခင်က “ဆလင်ဒါပုံအရာဝတ္ထု” ဟုဆိုခဲ့သော အရာတစ်ခု၏ အသေးစိတ်အချက်အလက်များကို ပထမဆုံးတရားဝင်ရေးသားဖော်ပြထားသည်။ အဆိုပါ အရာဝတ္ထုသည် ပစ်ချခြင်းမခံရမီ “အမေရိကန် အရေးကြီးသော နေရာများ” အနီးသို့ ဖြတ်သွားခဲ့ကြောင်း ကိုလည်း ပင်တဂွန်၏ မှတ်တမ်းတွင် ဖော်ပြထားသည်။

တနင်္ဂနွေနေ့က မစ်ရှီဂန်ရှိ ဟူရွန်ရေကန်ပေါ်ဝယ် ပျံသန်းလာသဖြင့် ပစ်ချခံရသည့် အရာဝတ္ထုမှာမူ ရေထဲသို့ “တဖြည်းဖြည်းချင်း ကျဆင်းသွားသည်” ဟု ယင်းမှတ်တမ်းတွင် ဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here