တာချီလိတ်မြို့တွင် ငွေကျပ် ၁၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား လိုင်စင်မဲ့ကားများနှင့်အတူဖမ်းမိ

0
229

ရှမ်းပြည်နယ်၊တာချီလိတ်မြို့၊ပါဆပ်ရပ်ကွက်ရှိ နေအိမ်ခြံဝင်းတစ်ခုအတွင်းမှ ဖေဖော်ဝါရီ ၁၃ ရက်နေ့လည်ပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယမန်နေ့ နေ့လည် ၃ နာရီခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ တာချီလိတ်မြို့၊ပါဆပ်ရပ်ကွက်၊လွန်းကျိုင်းရပ်ရှိ အမှတ်(၃/၁၂၂ _ ၁၂၃)နေအိမ်တို့အား ဝင်ရောက်ရှာဖွေခဲ့ကြသည်။

ထိုသို့ ရှာဖွေရာ စိုင်းရွက် အားနေအိမ်ခြံဝန်းအတွင်းရပ်ထားသည့် လိုင်စင်မဲ့ LIFAN ကားနှင့် Canter ကားတို့ပေါ်မှ စိတ်ကြွဆေးပြား ၁၄ သန်းပြား နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၁၂ သန်းပြား၊အိုက်စ်(၂၀ ကီလို)စီပါ ဆာလာအိတ် ၂၅ အိတ်(စုစုပေါင်းငွေကျပ် ၁၈ ဘီလီယံကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သူအား တာချီလိတ်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here