အမေရိကနှင့် တင်းမာမှုမြင့်တက်လာချိန် ရုရှားသို့ တရုတ်၏ ထိပ်တန်းသံတမန်သွားရောက်မည်

0
153

တရုတ်ထိပ်တန်း သံတမန် ဝမ်ယိသည် ယခုလအတွင်း ရုရှားနိုင်ငံသို့ သွားရောက် မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ယူကရိန်းအရေးအခင်း စတင်ပြီးနောက် တရုတ်အရာရှိတစ်ဦးက ရုရှားနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ခြင်းလည်းဖြစ်သည်။

ပြီးခဲ့သည့်လက တရုတ်သမ္မတရှီ၏ ထိပ်တန်း နိုင်ငံရေးခြားရေးမူဝါဒ အကြံပေးအဖြစ် ခန့်အပ်ခံခဲ့ရသူ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဝမ်ယိသည် အင်္ဂါနေ့(မနေ့)က စတင်ခဲ့သော ရှစ်ရက်ကြာ နိုင်ငံတကာခရီးစဉ်အတွင်း ရုရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။

အဆိုပါခရီးစဉ်အတွင်း ဝမ်သည် ပြင်သစ်၊ အီတလီ၊ ဟန်ဂေရီနှင့် လာမည့်အပတ်တွင် ဂျာမနီ၌ ကျင်းပမည့် မြူနစ်လုံခြုံရေးညီလာခံသို့ပါ သွားရောက်မည်ဟု သိရသည်။

မြူနစ်လုံခြုံရေးညီလာခံသို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်လည်း တက်ရောက်နိုင်ချေရှိပြီး တရုတ်မိုးပျံပူဖောင်းကြောင့် တင်းမာလာသော နိုင်ငံနှစ်နိုင်ငံ၏ ထိပ်တန်းသံတမန်များကြား ဆွေးနွေးပြောဆိုမှုများလည်း ရှိလာနိုင်သည်။

ဝမ်၏ နိုင်ငံခြားရေးမူဝါဒ အကြံပေးအဖြစ် ပထမဆုံးသွားရောက်မည့် အဆိုပါခရီးစဉ်အတွင်း ရင်းနှီးကျွမ်းဝင်ပြီးသော မော်စကိုနှင့်သာမက အခြား‌ သောဥရောပနိုင်ငံများနှင့်ပါ ဆက်ဆံရေး ကို မြှင့်တင်ရန် ကြိုးပမ်းခြင်းသည် သူ၏ သံတမန်စွမ်းရည်ကို စမ်းသပ်မှုတစ်ခု ဖြစ်လာနိုင်သည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here