ကြက်ဥကြော်ရန် ဂတ်စ်အိုးဖွင့်ရာမှပေါက်ကွဲ၍ နေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့မှု ဟင်္သာတမြို့တွင်ဖြစ်ပွား

0
151

ဧရာဝတီတိုင်း၊ဟင်္သာတမြို့၊ဥယျာဥ်မြောက်ရပ် ကွက်၊မနော်ဟရီလမ်းတွင် ဖေဖော်ဝါရီ ၁၄ ရက်ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဟင်္သာတခရိုင်မီးသတ်စခန်းနှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယမန်နေ့ည ၁၀ နာရီ ၁၀ မိနစ်ခန့်က ဟင်္သာတမြို့၊ဥယျာဥ်မြောက်ရပ်ကွက်၊မနော်ဟရီလမ်းရှိ နေအိမ်တစ်လုံး၌ မီးလောင်ကျွမ်းမှုဖြစ်ကာ ဘေးအိမ်အားကူးစက်နေကြောင်း သတင်းအရ ဟင်္သာတခရိုင်/မြို့နယ် မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ငြှိမ်းသတ်မှုကြောင့် ည ၁၁ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး မီးစတင်လောင်ကျွမ်းခဲ့သည့် နေအိမ်အပါအဝင် နေအိမ်နှစ်လုံးမှာ မီးလောင်ဆုံးရှုံးသွားခဲ့သည်ဟု သိရသည်။

မီးလောင်မှုဖြစ်ပွားရခြင်းမှာ ဥယျာဥ်မြောက်ရပ် ကွက်၊မနော်ဟရီလမ်းရှိ နေအိမ်တွင်တစ်ဦးတည်းနေထိုင်သည့် ကိုကောင်းဆက်ပိုင်သည် ကြက်ဥကြော်ရန် ဂတ်စ်အိုးဖွင့်၍ဆီအပူပေးစဉ် အပူလွန်ကဲပြီး ဂက်စ်အိုးပေါက်ကွဲရာမှစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဂတ်စ်အိုးပေါက်ပြီးမီးလောင်တာပါ လူသေဆုံးတာမရှိပါဘူး မီးစလောင်တဲ့အိမ်ဘေးက အမှုန့်ကြိတ်စက်လုပ်ငန်းလုပ်တဲ့အိမ်ကိုပါ မီးကူးပြီးပျက်စီးသွားပါတယ် တစ်နာရီကျော်လောက်ဝိုင်းငြှိမ်းခဲ့ရပါတယ် ဟင်္သာတရဲစခန်းက မီးစလောင်တဲ့အိမ်မှာနေတဲ့လူကို အမှုဖွင့်ထားတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here