ထိုင်းနိုင်ငံရှိ ဒူးရင်းသီးခြံတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၂ ဦး အသတ်ခံရ

0
353

ထိုင်းနိုင်ငံ၊ ချွန်ဖော်ခရိုင်ရှိ ဒူးရင်းခြံအတွင်း၌ ဖေဖော်ဝါရီ ၁၄ ရက်နံနက်ပိုင်းက မြန်မာနိုင်ငံသား ၂ ဦးလည်ပင်းတွင် ဓားဖြင့်ခုတ်ခံထားရသည့် ဒဏ်ရာအများအပြားဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရသည်ဟု သိရသည်။

ဓားဒဏ်ရာများဖြင့်သေဆုံးခဲ့သည့် မြန်မာနိုင်ငံသား ၂ ဦးသည် အခင်းဖြစ်ပွားသည့် ဒူးရင်းခြံတွင်အလုပ်လုပ်ကိုင်သည့် ဦးမောင်ခင်(၅၈)နှစ်နှင့် ဒူးရင်းခြံအနီးတွင်နေထိုင်သည့် ဦးမူရိန်မောင်(၄၈) နှစ်ဖြစ်ကြောင်း သိရသည်။

၎င်းတို့သေဆုံးနေခြင်းအား မြန်မာနိုင်ငံသားတစ်ဦးမှ ဖေဖော်ဝါရီ ၁၅ ရက်နံနက် ၆ နာရီခန့်တွင် တွေ့ရှိခဲ့ရသဖြင့် ဒူးရင်းခြံပိုင်ရှင်ထံအကြောင်း ကြားခဲ့သဖြင့် ဒူးရင်းခြံပိုင်ရှင်က ရဲတပ့်ထံဆက်သွယ်အကြောင်းကြားခဲ့၍ ရဲတပ်ဖွဲ့ဝင်များကလာရောက်စစ်ဆေးခဲ့ကြသည်။

ရဲတပ်‌‌ဖွဲ့ဝင်များ၏ စစ်ဆေးချက်အရ ရုပ်အလောင်းများအနီးရှိ အိတ်များပေါ်တွင် သေဆုံးသူ ၂ ဦး၏ အလုပ်သမားကတ်များ၊ ဘတ်ငွေများ၊ သွေးစွန်းနေသည့် ဓား ၂ လက်တို့အား တွေ့ရှိခဲ့ရပြီး ရုပ်အလောင်းများမှာ လည်ပင်းအားဓားဖြင့် အချက်ပေါင်းများစွာခုတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

ထိုင်းရဲတပ်ဖွဲ့ဝင်များမှ သေဆုံးသူများနှင့်ပြစ်မှုကျူးလွန်သူများသည် ကိစ္စတစ်ခုအတွက်ညှိနှိုင်းပြောဆိုရာမှအဆင်မပြေဖြစ်ပြီး ဓားဖြင့်ခုတ်သတ်ခံခဲ့ရခြင်းဖြစ်နိုင်ကာ ပြစ်မှုကျူးလွန်သူများသည် အနည်းဆုံး ၂ ဦးဖြစ်နိုင်ပြီး ပြစ်မှုကျူးလွန်သူများသည် အခင်းဖြစ်နေရာဘေးရှိ ပစ္စည်းများအား ထိတွေ့ခဲ့ခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်သွားခဲ့ခြင်းဖြစ်နိုင်မည်ဟု ကနဦး သုံးသပ်ထားသည်။

ထို့ပြင် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် CCTV မှတ်တမ်းများနှင့်စစ်ဆေးတွေ့ရှိရသည့် အထောက်အထားများအား စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here