ကြို့ပင်ကောက်မြို့ ကျွဲဘိကျေးရွာအနီး အငှားယာဉ်တစ်စီး လမ်းဘေးချောက်အတွင်း ထိုးကျတိမ်းမှောက်မှုဖြစ်ပွား

0
187

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့ ရန်ကုန် ပြည်လမ်းပေါ်ရှိ ကျွဲဘိကျေးရွာအနီး၌ ယနေ့ ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲ ၃ နာရီခွဲ အချိန်ခန့်တွင် ပရိုဘောက်အမျိုးအစား အငှားယာဉ်တစ်စီး အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေးချောက်အတွင်း ထိုးကျတိမ်းမှောက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ကြို့ပင်ကောက်မြို့နယ် နာရေးကူညီမှုအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်ပေါ်ပါအမျိုးသားနှစ်ဦးအနက်တစ်ဉီးမှာ ပြင်ထန်ဒဏ်ရာရရှိခဲ့ပြီး ကျန်တစ်ဦးမှာ သာမန် ထိခိုက်မှုသာရရှိခဲ့ကြောင်း ဆိုသည်။

” သူတို့က ပေါင်းတည်ကနေ ဥက္ကံ အပြန် ကျွဲဘီကျေးရွာနားမှာ ‌လမ်းဘေးချောက်ထဲထိုးကျသွားတာပါ။ သူတို့နှစ်ယောက်ကိုတော့ ရဲတပ်ဖွဲ့က စစ်ချက်ယူနေပါတယ်။ အသက်အန္တရာယ်တော့စိုးရိမ်စရာ မရှိပါဘူး။ ကျွန်တော်တို့ကြို့ပင်ကောက် ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပါတယ်”ဟု အသင်းတာဝန်ခံတစ်ဉီးက ဆိုသည်။

ယာဉ်ပေါ်ပါ ထိခိုက်ဒဏ်ရာရရှိသူအမျိုးသားနှစ်ဦးမှာ အသက် ၃၃နှစ် အရွယ် ကိုရှုပ်ရှုပ် ဆိုသူနှင့် အသက် ၃၄နှစ် အရွယ် ကိုမင်းမင်းထွန်းတို့ဖြစ်ကြောင်း အသင်းမှတ်တမ်းအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here