အရာတော်မြို့နယ်၌ စာမေးပွဲဖြေပြီးပြန်လာသည့် ကျောင်းသား၊ကျောင်းသူများလိုက်ပါလာသော ကား မိုင်းဆွဲတိုက်ခိုက်ခံရ ကျောင်းသူ ၁ ဦးသေဆုံးကာ ကျောင်းသား/သူ ၁၀ ဦးဒဏ်ရာရ

0
367

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊ အ.ထ.က(အ ရာတော်)မှ ၂၀၂-၂၀၂၃ ပညာသင်နှစ်၏ အခန်းဆုံးစာမေးပွဲဖြေဆိုပြီးပြန်လာသည့် ကျောင်း သား/သူများ စီးနင်းလိုက်ပါလာသောကားအား လက်နက်ကိုင်အဖွဲ့ဝင်များမှ ဖေဖော်ဝါရီ ၁၅ ရက်နေ့လည်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြသည်ဟု နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

ယနေ့နေ့လည် ၁ နာရီ ၁၅ မိနစ်ခန့်က လက်နက် ကိုင်အဖွဲ့ဝင်များသည် အရာတော်မြို့နယ်ရှိ အ. ထ.က(အရာတော်)မှ ၂၀၂-၂၀၂၃ ပညာသင်နှစ် ၏ အခန်းဆုံးစာမေးပွဲဖြေဆိုပြီး ပြန်လာသည့် ကျောင်းသား/သူများ စီးနင်းလိုက်ပါလာသော ကားအား အရာတော်မြို့အထွက် အနောက် မြောက်ဘက် မီတာ ၁၅၀၀ ခန့်အကွာ၌ လက်လုပ်ရီမုမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြသည်။

ရီမုမိုင်းပေါက်ကွဲမှုကြောင့် ကျောင်းသူ ၁ ဦးမှာ မိုင်းစထိမှန်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ ၌သေဆုံးသွားခဲ့ပြီး ကျောင်းသား/သူ ၁၀ ဦးတွင်လည်း မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

ထို့ကြောင့် သေဆုံးသူ၏ရုပ်အလောင်းနှင့်ထိခိုက်ဒဏ်ရာရသူများအား လုံခြုံရေးအဖွဲ့ဝင်များက အရာတော်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် လုံခြုံရေးအဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူများအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here