တုကီယေး-ဆီးရီးယားငလျင် သေဆုံးသူ ၄၀,၀၀၀ ကျော်လာပြီဖြစ်

0
230

အာဒါနာ၊ဖေဖော်ဝါရီ ၁၅

ကုလက ဆီးရီးယားနယ်စပ်ဖြတ်‌ကျော်ကာ ကယ်ဆယ်ရေးပစ္စည်းများစတင်ပို့ဆောင်စဉ် တုကီ‌ယေးနှင့်ဆီးရီးယား၌ ငလျင်ကြောင့်သေဆုံးနှုန်းသည် ၄၀,၀၀၀ ကျော်အထိတက်လာပြီဖြစ်ကြောင်း နှစ်နိုင်ငံတာဝန်ရှိသူများ၏ထုတ်ပြန်ချက်အရသိရသည်။

“ဒီလို ကြီးမား ပြီးအဆိုးရွားဆုံး သဘာဝဘေးခံစားနေခဲ့ရသူတွေအတွက် လူတွေဖြေရှင်းပေးလို့ရတဲ့ အသေးအဖွဲပြဿနာတွေဖြစ်တဲ့ ထောက်ပံ့ပစ္စည်း၊ရန်ပုံ‌ငွေနဲ့လက်လှမ်းမမီ မှု စတာတွေကြောင့် ထပ် ပြီး ထိခိုက်မှာမျိုး ကိုမလိုလားပါဘူး” ဟု ကုလအတွင်းရေးမှူးချုပ် မစ္စတာဂူတာရက်စ်ကပြောကြားခဲ့သည်။

ယင်းနောက်ကုလသမဂ္ဂအနေဖြင့် ဆီးရီးယားရှိ ငလျင်ဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ ဒေါ်လာ ၃၉၇ သန်း ကို တောင်းဆိုထားပြီး အဖွဲ့ဝင်နိုင်ငံများအနေဖြင့်ပံ့ပိုးကူညီရန်လည်း တောင်းဆိုထားကြောင်း ၎င်းကပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ပြောကြားချက်အရ ထရပ်ကား ၁၁ စီးသည် ဆီးရီးယားနိုင်ငံသို့ လောင်စာဆီ၊စောင်နှင့်မွေ့ယာများသယ်ဆောင်လာခဲ့ပြီး သမ္မတဘာရှာအယ်လ်အာဆတ်ဦးဆောင်သည့် ဆီးရီးယားအစိုးရ၏သဘောတူညီချက်ဖြင့် နောက်ထပ်နယ်စပ်ဖြတ်ကျော်လာပြီဖြစ်ကြောင်းသိရသည်။

လတ်တလောယာယီစခန်းများ၌နေထိုင်နေကြရသဖြင့် ကျန်းမာရေး အရ ထိခိုက်လွယ်သည့် ကလေးသူငယ်နှင့်သက်ကြီးရွယ်အိုများအတွက် ရာသီဥတုအအေးဒဏ်နှင့် မိလ္လာအခက်အခဲစနစ်စသည်တို့ကြောင့်ကူးစက်ရောဂါပိုမိုဆိုးရွားလာမည်ကိုလည်းစိုးရိမ်နေကြသည်ဟုသိရသည်။

Source : Kyodo


LEAVE A REPLY

Please enter your comment!
Please enter your name here