ကျပ်သန်း ၁၁၅၀ သုံး၍ သတင်းထုတ်လွှင့်ခန်းနှင့်ခေတ်မီစက်များတပ်ဆင်ထား​သော MRTV News Channel ၏စတူဒီယိုအသစ်

0
178

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် (၇၇)နှစ်မြောက် ရှိလာပြီဖြစ်သည်။

နေပြည်တော်၊တပ်ကုန်းမြို့နယ် ဖေဖော်ဝါရီ ၁၅ ရက်မွန်းလွဲပိုင်းတွင်ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကိုကျင်းပခဲ့ရာဝယ် MRTV News Channel ကို အသွင်သစ်၊အမြင်သစ်၊ပုံစံသစ်ဖြင့် တင်ဆက်နိုင်ရေးတို့ကိုနစက ဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားပြခန်းငယ်အား စိန်ရတုအထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့ကာ (၇၆)နှစ်မြောက် နှစ်ပတ်လည်နေ့အကြိုအဖြစ် ယမန်နှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ဖွင့်လှစ်ခဲ့ပြံးဖြစ်သည်။

ထိုသို့ ဆောင်ရွက်ပေးခြင်းသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ သမိုင်းအဆက်ဆက်ဆောင် ရွက်ခဲ့မှုမှတ်တမ်းများ၊အသုံးပြုခဲ့သည့် စက်ပစ္စည်းကိရိယာများနှင့်တူရိယာပစ္စည်းများ၊တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများ၏ ကြိုးစားဆောင်ရွက်မှုများကိုဂုဏ်ပြု၍ သမိုင်းမှတ်တမ်းများ 

မပျောက်ပျက် စေရန်နှင့်နောင်လာနောင်သားများ၊ဝန်ထမ်းများ၊ပြည်သူများလေ့လာသိရှိနိုင်ရန်အကောင် အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး MRTV News Channel နှင့် MRTV DTH စနစ်ဖြင့် ထုတ်လွှင့်ပြသနိုင်ရန်လည်း ဖွင့်လှစ်ပေးခဲ့သည်ဟု ဆိုသည်။

“သမိုင်းဆိုတာ ချန်ထားလို့မရသလို ဖျောက်ဖျက်လို့လည်းမရပါဘူး”ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။

MRTV News Channel အား အသွင်သစ်၊အမြင်သစ်၊ပုံစံသစ်နှင့်အရန်စတူဒီယိုမှ ပူးပေါင်းထုတ်လွှင့်ခဲ့ရာ ယခုအခါတွင် စတူဒီယိုအသစ်ကို နိုင်ငံတော်ဘဏ္ဍာငွေမှ ငွေကျပ်သန်း ၁၁၅၀ အသုံးပြုကာ သတင်းထုတ်လွှင့်ခန်းနှင့်ခေတ်မီစက် ပစ္စည်းများတပ်ဆင်ပြီးဖြစ်၍  သီးသန့်စတူဒီယိုအဖြစ် စတင်အသုံးပြုပြီးထုတ်လွှင့်နိုင်မည်ဟုသိရသည်။

ရုပ်မြင်သံကြားနှင့်အသံလွှင့်ခြင်းမှာ လူများ၏ စိတ်ကိုဖမ်းစားနိုင်စွမ်းရှိပြီး တိုင်းရင်းသားများ ထိန်းသိမ်းအပ်သည့် အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများကို ပြည်သူလူထု၏ စိတ်နှလုံးထဲတွင်ရှိနေစေရန် ဆက်လက်ဆောင်ရွက်ပေးရမည်ဟုလည်း နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

နိုင်ငံတကာရုပ်သံလုပ်ငန်းများ၏ ပြောင်းလဲတိုးတက်ဖွံ့ဖြိုးမှုများကို မျက်ခြည်မပြတ်စောင့်ကြည့်လေ့လာပြီး ယှဉ်တွဲလိုက်ပါဆောင် ရွက်နိုင်ရေးနှင့်ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ တိုးမြှင့်လာစေရေးအတွက် ဝန်ထမ်းအားလုံး ၏ စွမ်းဆောင်နိုင်မှုအရင်းအမြစ်များ ဖွံ့ဖြိုးတိုး တက်အောင်တည်ဆောက်၍ တိုးတက်အောင်လုပ်ဆောင်ရမည်ဟုလည်း နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here