ယူကရိန်းက စစ်ရေးအကူအညီများ မြန်မြန်ပို့ရန်တောင်းဆိုနေဆဲတွင် ရုရှားက စစ်မြေပြင်တွင် ခြေကုပ်များရယူနိုင်ဟုဆို

0
222

ယူကရိန်းက အနောက်နိုင်ငံများထံမှ စစ်ရေးအကူအညီများ မြန်မြန်ပို့ကြရန် တောင်းဆိုနေဆဲတွင် ရုရှားတပ်များသည် ယူကရိန်းနိုင်ငံအရှေ့ဖက်ရှိ ခိုင်မာသော ခံစစ်လှိုင်း ၂ခုကို အောင်မြင်စွာဖြတ်ကျော် ခြေကုပ်ယူနိုင်ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာလိုက်သည်။

ရုရှားသည် ဒီဇင်ဘာလအတွင်းမှစတင်၍ ယူကရိန်းတောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် အရှိန်အဟုန်မြှင့်ထိုးစစ်များဆင်လာခဲ့ပြီး၊ ကြီးမားသော ထိုးစစ်အသစ်တစ်ခုကိုလည်း စစ်ပွဲ၏ ပထမဆုံး နှစ်ပတ်လည်နီးလာချိန်တွင် အောင်မြင်ရန် မျှော်လင့်ထားသည်။

ရုရှား၏ တိုက်ခိုက်မှုများကြောင့် Luhansk ဒေသတွင် ယူကရိန်းတပ်များ ဆုတ်ခွာသွားခဲ့ကြောင်းကို အကြမ်းဖျဉ်းသိရသော်လည်း အသေးစိပ်အချက်အလက်များကိုမူ ရိုက်တာသတင်းဌာနက သီးခြားအတည်မပြုနိုင်သေးကြောင်းဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here