၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများအား ဖေဖော်ဝါရီ ၂၀ ရက်မှစတင်ထုတ်ယူနိုင်

0
268

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများအား ဖေဖော်ဝါရီ ၂၀ ရက်မှစတင်ထုတ်ယူနိုင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ဖေဖော်ဝါရီ ၁၅ ရက်က ထုတ်ပြန်ခဲ့သည်။

တိုင်းနှင့်ပြည်နယ်များရှိ စာစစ်ဌာနအသီးသီး၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများသည် မိမိတို့၏ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဥ်ပါသော ဖြေဆိုခွင့်ကတ်ပြားများကို ထုတ်ယူရမည်ဖြစ်သည်။

ထိုသို့ ထုတ်ယူရာ၌ အခြေခံပညာအထက်တန်းကျောင်း၊(ကျောင်းခွဲ)နှင့်(တွဲဖက်)အခြေခံပညာအထက်တန်းကျောင်း၊ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား၊ကျောင်းသူများ သည် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများအား သက်ဆိုင်ရာကျောင်း၏ ကျောင်းအုပ်ကြီးများထံ၌ ထုတ်ယူရမည်ဖြစ်သည်။

ပြင်ပဖြေဆိုသူများသည် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများအား ဖြေဆိုရမည့်သက်ဆိုင်ရာ စာစစ်ဌာနကြီးကြပ်ရေးမှူးများထံတွင် ထုတ်ယူရမည်ကြောင်း သိရသည်။

စာမေးပွဲဖြေဆိုခွင့်ကတ်ပြားထုတ်ယူရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊မြို့နယ်ပညာရေးမှူးများနှင့်မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here