အင်းစိန်မြို့နယ်၊ဘုရင့်နောင်လမ်းမတွင် ရပ်ထားသည့်ကားကို ကုန်တင်ကားကဝင်တိုက်၊ ကုန်တင်ကားမောင်းသူ ခေါင်းခန်း၌ညပ်ပြီးဒဏ်ရာရ

0
235

ရန်ကုန်တိုင်း၊အင်းစိန်မြို့နယ်၊ဘုရင့်နောင်လမ်းမတွင် ဖေဖော်ဝါရီ ၁၆ ရက်(ယနေ့)နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်ရွှေရောင်သမိုင်းအရေးပေါ်ကယ်ဆယ်ရေးနှင့်လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းတို့မှ သိရသည်။

ယနေ့နေ့လည် ၃ နာရီ ၄၀ မိနစ်ခန့်က အင်းစိန်မြို့နယ်၊ဘုရင့်နောင်လမ်းမ၊မြို့သစ်(ဂ)ရပ်ကွက်တွင် ကုန်တင်ကားက ရပ်ထားသည့်ကားအားနောက်မှဝင်တိုက်မိခဲ့သဖြင့် ကုန်တင်ကားမောင်းသူမှာ ကားခေါင်းခန်းအတွင်း၌ညပ်သွားခဲ့သည်။

ထို့ကြောင့် အင်းစိန်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်ရွှေရောင်သမိုင်းအရေးပေါ်ကယ်ဆယ်ရေးနှင့်လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းတို့မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

“ထိခိုက်ဒဏ်ရာက ကြီးကြီးမားမားမရှိပါဘူး စိုးရိမ်စရာလည်းမရှိပါဘူး ကားမောင်းတဲ့လူက ခေါင်းခန်းမှာညပ်နေပေမယ့် သတိရပါတယ် ကျွန်တော်တို့က မြေပြင်ကုသမှုတွေလုပ်ပေးခဲ့ပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ကားခေါင်းခန်းအတွင်းညပ်နေသည့် ကုန်တင်ကားမောင်းသူအား ဝိုင်းဝန်းကယ်ဆယ်ခဲ့ကြသဖြင့် နေ့လည် ၃ နာရီ ၄၉ မိနစ်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး ဆေးကုသမှုခံယူရန် မြတ်ကုသိုလ်လူမှုကူညီရေးအသင်းကားဖြင့် အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ရွှေရောင်သမိုင်း


LEAVE A REPLY

Please enter your comment!
Please enter your name here