တရုတ်သည် ပိုမို ရန်လိုလာပြီး မီးပုံးပျံပြဿနာဖြစ်ခဲ့သော်လည်း အမေရိကအနေဖြင့်တရုတ်နှင့်ဆွေးနွေးရန် ဆက်လက်ဆောင်ရွက်မည်ဟုဆို

0
163

ဝါရှင်တန်၊ဖေဖော်ဝါရီ ၁၆

တရုတ်နိုင်ငံသည် ရန်လိုမှုပိုမိုပြင်းထန်လာကြောင်းမကြာသေးမီက မီးပုံးပျံဖြစ်ရပ်အားကြည့်ခြင်းဖြင့်သိနိုင်သည်ဟု ကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဝမ်ဒီရှာမန်ကပြောကြားခဲ့သည်။အဆိုပါလုပ်ရပ်သည် လက်ရှိနိုင်ငံတကာစည်းမျဉ်းများအား ချိုးဖောက်ကာ ပုံစံသစ်ပြင်ဆင်ရန်ကြိုးပမ်းနေသည့် အာရှပါဝါနိုင်ငံ၏ဥပမာတစ်ခုဖြစ်သည်ဟုလည်း၎င်းကဆိုသည်။

ယင်းအပြင်မစ္စဝမ်ဒီရှာမန်က အမေရိကအနေဖြင့်တရုတ်နိုင်ငံနှင့်ယှဉ်ပြိုင်နိုင်ရန် ဉာဏ်ရည်တုနှင့်အခြားနည်းပညာနယ်ပယ်သစ်များတွင်ပါ ပိုမိုကြိုးစားလုပ်ဆောင်ရမည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

အမေရိကအနေဖြင့် မီးပုံးပျံကိစ္စကြောင့်တရုတ်နှင့် အနည်းငယ်ကတောက်ကဆဖြစ်ခဲ့ရသော်လည်း ဆက်သွယ်ရေးလမ်းကြောင်းမပျက်ရန် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်၏ခရီးစဉ်ဖျက်သိမ်းလိုက်ရသော်လည်း အမေရိကနှင့်တရုတ်တို့သည် ဆက်ဆံရေးရပ်တန့်လိုက်မည်မဟုတ်ဘဲ တစ်ဦးကိုတစ်ဦးနားလည်နိုင်ရန် ကြိုးစားနေကြသည်ဟုလည်း၎င်းကဆိုခဲ့သည်။

ယင်းနောက်မစ္စတာဘလင်ကန်၏ခရီးစဉ်သည် လုံးဝဖျက်သိမ်းလိုက်ခြင်းမဟုတ်ဘဲ ခေတ္တရွှေ့ဆိုင်းခြင်းသာဖြစ်ပြီး ခရီးစဉ်အားပြန်လည်စီစဉ်ရန်ကြိုးပမ်းနေသည်ဟုလည်း အရိပ်အမြွက်ပြောကြားခဲ့သည်။ အမေရိကလေပိုင်နက်ထဲသို့  တရုတ်ထောက်လှမ်းရေးမီးပုံးပျံဝင်ရောက်မှုကြောင့် နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်၏ခရီးစဉ်အားဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။

သံတမန်နည်းလမ်းအား ယုံကြည်မှုအပြည့်အဝရှိသော်လည်း အမေရိကအနေဖြင့် ဟောင်ကောင်၊တိဗက်နှင့်ရှင်ကျန်းဒေသများကို လူ့အခွင့်အရေးနှင့်စီးပွားရေးအကျပ်ကိုင်မှုများ၊ထိုင်ဝမ်အပေါ်ခြိမ်းခြောက်မှုများအတွက်ကိုမူ လက်လျှော့လိုက်ခြင်းမျိုးမဟုတ်ဘဲ ခိုင်ခိုင်မာမာဆက်လက်ရပ်တည်ပေးသွားဦးမည်ဟုလည်းပြောကြားခဲ့သည်။

“ကျွန်မတို့အနေနဲ့ထိုင်ဝမ်ကိုဆက်လက်ကူညီပေးသွားဦးမှာပါ၊တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့လည်း ကန်လွှတ်တော်အမတ်တစ်ဦးရဲ့ ထိုင်ဝမ်ခရီးစဉ်လောက်နဲ့ စစ်ရေးအကြောင်းပြချက်ဖြစ်မှာမဟုတ်ဘူးလို့ယုံကြည်ပါတယ်” ဟုလည်းပြောကြားခဲ့သည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here