ချမ်းအေးသာစံမြို့နယ်ရှိ နေအိမ်တစ်လုံးတွင် မီးလောင်မှုဖြစ်ပွား၊အမျိုးသမီးတစ်ဦးမီးလောင်သေဆုံး

0
542

မန္တလေးတိုင်း၊ချမ်းအေးသာစံမြို့နယ်၊ပြည်ကြီးပျော်ဘွယ်အရှေ့ရပ်ကွက်တွင် ဖေဖော်ဝါရီ ၁၆ ရက်(ယနေ့)ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့ည ၆ နာရီ ၁၇ မိနစ်က ချမ်းအေးသာစံမြို့ နယ်၊ပြည်ကြီးပျော်ဘွယ်အရှေ့ရပ်ကွက်၊ (၃၀x ၃၀)A လမ်း၊ ၈၉ လမ်းနှင့်လမ်း ၉၀ ကြားရှိ နေအိမ်တစ်လုံးတွင် မီးလောင်မှုဖြစ်ပွား၍ မန္တလေးတိုင်းအတွင်းရှိ မီးသတ်စခန်းအသီးသီးနှင့်လူမှုကူညီရေးအသင်းများက Level 2 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် ည ၆ နာရီ ၃၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ည ၆ နာရီ ၄၀ မိနစ်၌ မီးငြိမ်းသွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ဖြစ်စဥ်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည့် နေအိမ်မှအမျိုးသမီး ၁ ဦးမှာ မီးလောင်သေဆုံးသွားခဲ့သဖြင့် လူနာတင်ကားဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“အမျိုးသမီးတစ်ယောက် မီးလောင်ပြီးသေဆုံးသွားပါတယ် တခြားထိခိုက်တဲ့သူမရှိပါဘူး ပျက် စီးတာကတော့များတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

Photo-Ko Than Htay


LEAVE A REPLY

Please enter your comment!
Please enter your name here