မွေးနေ့အလှူအဖြစ် ‌ဒေါ်လာဆယ်သန်းအထိစံချိန်တင်လှူဒါန်းမည့် ဘက်စ်ကက်ဘောကစားသမားမိုက်ကယ်လ်ဂျော်ဒန်

0
223

ဘက်စ်ကက်ဘောကစားသမားကြီး မိုက်ကယ်ဂျော်ဒန်သည် ယခုတစ်ပတ်အကုန်တွင်ကျရောက်မည့် ၎င်း၏အသက် ၆၀ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် Make – A – Wish ဖောင်ဒေးရှင်းသို့ အလှူငွေ ဒေါ်လာ ၁၀ သန်း ကို စံချိန်တင်လှူဒါန်းမည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ကကြေငြာခဲ့သည်။

Make – A – Wish ဖောင်ဒေးရှင်းသည် အသက် ၈ နှစ်မှ ၁၈ နှစ်ကြား ပြင်းထန်ဝေဒနာခံစားနေရသည့် ကလေးငယ်များ၏ဆန္ဒကိုဖြည့်ဆည်းပေးရန်တည်ထောင်ထားသည့်အဖွဲ့အစည်းဖြစ်သည်။

ယခုတစ်ကြိမ် မိုက်ကယ်လ်ဂျော်ဒန်၏လှူဒါန်းမှုသည် Make – A – Wish ဖောင်ဒေးရှင်း၏ ၄၃ နှစ်တာကာလရပ်တည်မှုအတွင်း အများဆုံးဖြစ်ကာစံချိန်တင်လှူဒါန်းမှုတစ်ခုဖြစ်လာခဲ့သည်။

မိုက်ကယ်လ်ကမူ ၎င်း၏လှူဒါန်းမှုသည် ကျန်သူများအတွက်နမူနာတစ်ခုဖြစ်လာပြီး Make – A – Wish သို့ပါဝင်လှူဒါန်းကြကာ ဘဝ၏အခက်ခဲဆုံးအချိန်ကိုရင်ဆိုင်နေကြရသည့်ကလေးများအတွက် ၎င်းတို့၏ဆန္ဒများအမှန်တကယ်ပြည့်စေလိုခြင်းကြောင့် ယခုကဲ့ သို့ လှူဒါန်းရခြင်းဖြစ်သည်ဟုဆိုသည်။

ဂျော်ဒန်၏ယခင်လှူဒါန်းမှုများမှ ယနေ့အထိ ရာနှင့်ချီေသာ ကလေးငယ်များ၏ဆန္ဒများကိုဖြည့်ဆည်းပေးနိုင်ခဲ့ပြီဟု ဖောင်ဒေးရှင်းကပြောကြားခဲ့သည်။ဆက်လက်၍လည်း ၎င်း၏လှူဒါန်းငွေများအား ကျန်းမာရေးဆိုးရွားနေသည့်ကလေးငယ်များ၏ ဆန္ဒများကိုဖြည့်ဆည်းပေးနိုင်ရန်အသုံးပြုသွားမည်ဟုလည်းပြောကြားခဲ့သည်။

ဂျော်ဒန်သည် ၎င်း၏ချန်ပီယံသက်တမ်းတစ်လျှောက် NBA Finals MVP ဆုခြောက်ခုဖြင့် သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးဘက်စ်ကက်ဘောကစားသမားအဖြစ် အသိအမှတ်ပြုခံရသူဖြစ်သည်။

သူသည် ၁၉၈၄ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ ၎င်း၏နယ်ပယ်၌ ၁၄ ကြိမ်တိုင်တိုင် All-Star လည်းဖြစ်ခဲ့ဖူးသေးသည်။

Source :WION


LEAVE A REPLY

Please enter your comment!
Please enter your name here