ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်ပုံတူ ကမ္ဘာ့အကြီးဆုံး 3D Print ဗုဒ္ဓရုပ်ပွားတော် တရုတ်ဖန်တီး

0
197

တရုတ်နိုင်ငံ Yungang Grottoes ရှေးဟောင်း လိုဏ်ဂူများထဲမှ အေဒီ ၅ ရာစုနှင့် ၆ ရာစုများအတွင်းက ထုဆစ်ပူဇော်ထားခဲ့သော ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ၏ ပုံတူဖြစ်သော ကမ္ဘာ့အကြီးဆုံး 3D Print ဗုဒ္ဓရုပ်ပွားတော်ကြီးကို တရုတ်နိုင်ငံတွင် ဖန်တီးပြုလုပ်ခဲ့သည်။

အဆိုပါ ရုပ်ပွားတော်ကို 3D ပရင့်တာများဖြင့် Print ထုတ်ရန်အတွက် ဓာတ်ပုံပေါင်း တစ်သောင်းခန့်ရိုက်ကူးခဲ့ပြီး ၃လမျှ အချိန်ယူဖန်တီးခဲ့ခြင်းဖြစ်သည်။ ဉာဏ်တော် အမြင့် ၁၀ မီတာ ရှိသောကြောင့် ကမ္ဘာအကြီးဆုံး 3D Print ဗုဒ္ဓရုပ်ပွားတော်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။ ယခုအခါ ယင်း 3D Print ဗုဒ္ဓရုပ်ပွားတော်ကြီးကို တရုတ်နိုင်ငံ ရှန်တုန်းမြို့ရှိ ပြခန်းတစ်ခုတွင် ပြသထားကြောင်း သိရသည်။

တရုတ်နိုင်ငံရှိ Yungang Grottoes သည် UNESCO ၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ပြီး၊ ဧရိယာ အကျယ် ၁၈၀၀၀ စတုရန်းမီတာတွင် လိုဏ်ဂူ ၂၅၂ ခု နှင့် ဗုဒ္ဓရုပ်ပွားတော်ပေါင်း ၅၁၀၀၀ ခန့်ရှိသည်။ ယင်းလက်ရာများသည် အေဒီ ၅ ရာစုမှ ၆ ရာစုအတွင်း ဖန်တီးခဲ့သော လက်ရာများဖြစ်ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here