ယူကေ၌သေဆုံးခဲ့သည့် ထိုင်းလူငယ်ဘောလုံးအသင်းခေါင်းဆောင်၏ရုပ်အလောင်းကို ထိုင်းသို့ပြန်သယ်ယူပေးရန် ၎င်း၏မိခင်မေတ္တာရပ်ခံ

0
338

ဘန်ကောက်၊ဖေဖော်ဝါရီ ၁၆

၂၀၁၈ ခုနှစ်က ရေမြုပ်နေသည့်လိုဏ်ဂူထဲမှ ပြန်ကယ်တင်နိုင်ခဲ့သည့် ထိုင်းအငယ်တန်းဘောလုံးအသင်း၏ ခေါင်းဆောင်ဖြစ်သူ ဒွန် သည် အင်္ဂလန်၌သေဆုံးသွားပြီးနောက် ၎င်း၏ရုပ်အလောင်းအား ထိုင်းနိုင်ငံသို့ပြန်ပို့ပေးပါရန် ၎င်း၏မိခင်ကမေတ္တာရပ်ခံတောင်းဆိုခဲ့သည်။

“ကျွန်မတို့မှာ ပိုက်ဆံများများမရှိပေမဲ့ သားကိုနောက်ဆုံးအနေနဲ့မြင်ချင်သေးတာမို့ သားရုပ်အလောင်းပြန်သယ်လာနိုင်အောင်ကူညီပေးစေချင်ပါတယ်” ဟုလည်း၎င်းကဆိုခဲ့သည်။

ဒွန်၏မိသားစုဝင်များအနေဖြင့် ၎င်း၏နာရေးအား ရိုးရာဓလေ့နှင့်အညီ ကျင်းပပြုလုပ်လိုကြောင်းသိရှိရပြီး စွဲလမ်းမှုကြောင့် ကောင်းရာမွန်ရာသို့မသွားနိုင်ဖြစ်မည်ကို စိုးရိမ်နေမိသည်ဟုလည်းဆိုသည်။

မဖြစ်နိုင်မှသာလျှင် အရိုးပြာကို လိုချင်သည်ဟုလည်း မိခင်ကပြောကြားခဲ့သည်။ဒွန်သည် ၎င်း၏အဆောင်ခန်း၌ သတိမေ့မျောနေခဲ့ရာမှ ဆေးရုံသို့ပို့ဆောင်ပြီးနောက် ကွယ်လွန်သွားခြင်းဖြစ်သည်။သေဆုံးရသည့်အကြောင်းရင်းကိုမသိရသေးသော်လည်း သံသယဖြစ်ဖွယ်လက္ခဏာများမတွေ့ရှိရဟုသက်ဆိုင်ရာကဆိုသည်။

“ကျွန်တော်တို့မယုံကြည်နိုင်သေးဘူး၊သူအင်္ဂလန်ကို စကော်လာရှစ်နဲ့မသွားခင်က‌ ပြန်လာလို့နာမည်ကျော်ဘောလုံးသမားဖြစ်လာရင် ငါတို့ကိုလက်မှတ်ထိုးပေးရမယ်နော်” လို့တောင်နောက်လိုက်ပါသေးတယ်ဟု ၎င်း၏သူငယ်ချင်းကပြောကြားခဲ့သည်။

ဒွန်ကွယ်လွန်သွားသော်လည်း ၎င်းတို့၏တောဝက်အဖွဲ့သည် ယခင်ကကဲ့သို့ပင် ဆက်ရှိနေမည်ဖြစ်ပြီး ဒွန်ကိုလည်းမမေ့ဘဲ ပုံမှန်အတိုင်း ၁၃ ယောက် အဖြစ်သာယူဆလျက် စုစုစည်းစည်းရှိနေမည်ဟုကျန်အဖွဲ့ဝင်များကပြောကြားခဲ့သည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here