ပြစ်မှုကျူးလွန်သူများနှင့် ပြစ်မှုကျူးလွန်ရာမှ ရရှိသည့် ငွေများ ငွေကြေးစနစ်အတွင်း ဝင်ရောက်လာခြင်းမှ ကာကွယ်ရန် စံသတ်မှတ်ချက်များ ဗဟိုဘဏ်သတ်မှတ်

0
142

ငွေရေးကြေးရေး အဖွဲ့အစည်းများအတွင်း ပြစ်မှုကျူးလွ န်သူများနှင့် ပြစ်မှုကျူးလွန်ရာမှ ရရှိထားသည့် ငွေကြေး၊ ပစ္စည်းနှင့် အကျိုးအမြတ်များ ဝင်ရောက်လာခြင်းမရှိစေရေးအတွက် စံသတ်မှတ်ချက်များကို ဗဟိုဘဏ်က သတ် မှတ်ထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောသည်။

ငွေရေးကြေးရေး အဖွဲ့အစည်းများ၊ ငွေရေးကြေးရေးမဟုတ်သော စီးပွားရေးလုပ်ငန်းများနှင့် ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ အားလုံးတွင် ရင်းနှီးမြှုပ်နှံသည့် ငွေကြေး၊ အရင်းအနှီးများ၌ ငွေကြေးခဝါ ချမှုကျူးလွန်သူများ မပါဝင်စေရေး အလေးထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိီစစ်ခြင်း၊ သတင်းပို့ခြင်း အပါအဝင် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ယင်းအပြင် ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းများ၊ ပြည်ပငွေလွှဲလုပ်ငန်းလုပ်ကိုင်သူများ၊ နိုင်ငံခြားငွေများ ရောင်းဝယ်လဲလှယ်ရေးလုပ်ငန်း၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများနှင့်ဘဏ်ဦးဆောင်မှုပုံစံဖြင့်ဆောင်ရွက်သည့် မိုဘိုင်းဘဏ်လုပ်ငန်းများတွင် ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ပြီး အလိုက်နာခြင်း မရှိပါက ဥပဒေစည်းမျဉ်းလုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here