ငွေကျပ်သိန်းပေါင်း ၁၄၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းညိုမှုန့်များနှင့်လက်နက်ခဲယမ်းများကိုHiluxကား‌ နောက်ခန်းကြမ်းခင်းအတွင်းမှဖမ်းမိ

0
212

ရှမ်းပြည်နယ်၊လွိုင်လင်မြို့နယ်၊ကွတ်ချိုးကျေးရွာအနီးတွင် လုံခြုံရေးအဖွဲ့ဝင်များမှ သတင်းအရ ဖေဖော်ဝါရီ ၁၆ ရက်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များက သတင်းအရ ကွတ်ချိုးကျေးရွာအနီး၌ စိုင်းဆွမ်မောင်း မောင်းနှင်လာသည့် (လိုင်စင်မဲ့) Hilux Revo ကားအားတားဆီးစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ ကားနောက်ခန်းကြမ်းခင်းအတွင်းဝှက်၍သယ်လာသည့် ငွေကျပ်သိန်းပေါင်း ၁၄၈၂၀ တန်ဖိုးရှိ ဘိန်းညိုမှုန့် ၂၄၇ထုပ်၊ကားမောင်းသူ စိုင်းဆွမ်မောင်း၏ခါးကြားမှ Smith & Wesson တံဆိပ်ပစ္စတိုသေနတ် ၁ လက်၊ခုံနောက် ကျောမှ ပစ္စတိုသေနတ် ၂ လက်၊ကျည်အိမ် ၃ ခု၊ကျည် ၁၅၀ တောင့်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေနှင့်တရားမဝင်လက်နက်ကိုင်ဆောင်မှုဥပဒေတို့ဖြင့် အမှုဖွင့်ကာစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here